
ကြွက်သားဒဏ်ရာကြောင့် အတ္တလန်တာနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်လွဲချော်ဖွယ်ရှိနေတဲ့ ဟာဇက်
ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဟာဇက်ဟာ ကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် တစ်လနီးပါး အနားယူရမှာဖြစ်ပြီး အတ္တလန်တာနဲ့ ကစားမယ့်ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇက်(၃၀နှစ်)ဟာ ၂၀၁၉ခုနှစ်၊ နွေရာသီမှာ ချယ်လ်ဆီးအသင်းကနေ ပေါင် ၈၈သန်းနဲ့ ရောက်ရှိလာပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတာဖြစ်ပါတယ်။ ကြွက်သားဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်တွေကိုလွဲချော်တော့မယ့် ဟာဇက်ဟာ ရီးယဲလ်ကစားသမားဘဝမှာ ဒဏ်ရာနဲ့ကြံ့ခိုင်မှုကြောင့် ၉ကြိမ်မြောက် လွဲချော်ရတာလည်းဖြစ်ပါတယ်။ […]