ကြွက်သားဒဏ်ရာကြောင့် အတ္တလန်တာနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်လွဲချော်ဖွယ်ရှိနေတဲ့ ဟာဇက်

February 4, 2021 SM 0

ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ဟာဇက်ဟာ ကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် တစ်လနီးပါး အနားယူရမှာဖြစ်ပြီး အတ္တလန်တာနဲ့ ကစားမယ့်ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇက်(၃၀နှစ်)ဟာ ၂၀၁၉ခုနှစ်၊ နွေရာသီမှာ ချယ်လ်ဆီးအသင်းကနေ ပေါင် ၈၈သန်းနဲ့ ရောက်ရှိလာပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတာဖြစ်ပါတယ်။ ကြွက်သားဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်တွေကိုလွဲချော်တော့မယ့် ဟာဇက်ဟာ ရီးယဲလ်ကစားသမားဘဝမှာ ဒဏ်ရာနဲ့ကြံ့ခိုင်မှုကြောင့် ၉ကြိမ်မြောက် လွဲချော်ရတာလည်းဖြစ်ပါတယ်။ […]

ပေါင် ၄၉၂သန်းတန် စာချုပ်ပေါက်ကြားခဲ့မှုအတွက် ဘာစီလိုနာအတွင်းလူ ၅ဦးကို တရားစွဲဆိုဖို့ စီစဉ်နေတဲ့ မက်ဆီ

February 4, 2021 SM 0

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီဟာ ပေါင် ၄၉၂သန်းတန် စာချုပ်ပေါက်ကြားခဲ့မှုအတွက် အသင်းအတွင်းလူ ၅ဦးကို တရားစွဲဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ စပိန်အားကစားသတင်းစာ El Mundo ဟာ ဘာစီလိုနာအသင်းနဲ့ မက်ဆီနောက်ဆုံးချုပ်ဆိုခဲ့တဲ့ စာချုပ်ပါအချက်အလက်တွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီပေါက်ကြားမှုအတွက် မက်ဆီဟာ ဒေါသပေါက်ကွဲခဲ့ပြီး ဘာစီလိုနာအသင်း ထိပ်ပိုင်းတာဝန်ရှိသူတွေရဲ့လက်ချက်ကြောင့်လို့ ယူဆနေပါတယ်။ ဒါကြောင့် […]

ဒိုင်လူကြီးမိုက်ဒင်းနဲ့ လီမာဆွန်ကို သူတို့ပွဲစဥ်တွေ မကြီးကြပ်ဖို့ တောင်းဆိုသွားမယ့် ဆောက်သမ်တန်

February 3, 2021 SM 0

ဆောက်သမ်တန်အသင်းဟာ ရှေ့လျှောက် သူတို့ကစားမယ့်ပွဲစဥ်တွေကို ဒိုင်လူကြီး လီမာဆွန်နဲ့ မိုက်ဒင်းတို့ မကြီးကြပ်ဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။ ဆောက်သမ်တန်အသင်းဟာ မန်ယူအသင်းနဲ့ အက်စတွန်ဗီလာတို့နဲ့ ကစားတဲ့ ရှုံးနိမ့်ပွဲစဥ်တွေမှာ ကြီးကြပ်တဲ့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့် အသင်းက ဒေါသထွက်ခဲ့ရပါတယ်။ စနေနေ့က ဒိုင်လူကြီး လီမာဆွန် ကြီးကြပ်တဲ့ အက်စတွန်ဗီလာကို (၁-၀)ဂိုးနဲ့ […]

မန်ယူတိုက်စစ်မှူးဟောင်း အဲရစ်ကန်တိုနာရဲ့ သွင်းဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့လို့ ကျေနပ်နေတဲ့ ရက်ရှ်ဖို့ဒ်

February 3, 2021 SM 0

မန်ယူကစားသမားဟောင်း အဲရစ်ကန်တိုနာရဲ့ အသင်းအတွက် သွင်းဂိုးစံချိန်ကို ကျော်သွားခဲ့တာကြောင့် ထူးခြားတဲ့ အခိုက်အတန့်ဖြစ်ကြောင်း ဝန်ခံပြောကြားသွားခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဆောက်သမ်တန်ကို (၉-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဥ်မှာ အသင်းအတွက် ၂ လုံးမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမား အဲရစ်ကန်တိုနာရဲ့ သွင်းဂိုး (၈၂)ဂိုးကို (၈၃)ဂိုးနဲ့ ကျော်သွားခဲ့တာ ဖြစ်ပါတယ်။ […]

အာဆင်နယ်ဂိုးသမားရဲ့ အမှားအယွင်းကို “ဒါက ဟာသပဲ”လို့ ဝေဖန်သွားတဲ့ ဖာဒီနန်

February 3, 2021 SM 0

မနေ့ညက ဝုဗ်လ်ကို ရှုံးနိမ့်သွားတဲ့ ပွဲစဥ်မှာ ဒေးဗစ်လူးဝစ်ဇ် အနီကတ်ကြောင့် အာဆင်နယ်အသင်းဟာ ၁၀ ယောက်နဲ့ကစားနေရတဲ့အချိန် ဂိုးသမား လီနိုက ဧရိယာပြင်ပမှာ လက်နဲ့ ရည်ရွယ်ချက်ရှိရှိ ပုတ်ထုတ်ခဲ့တာကြောင့် အထုတ်ခံခဲ့ရပြီး တစ်သင်းလုံး ၉ ယောက်နဲ့သာ ကစားသွားခဲ့ရပါတယ်။ ပွဲအစပိုင် အာဆင်နယ်ကစားသမား ဆာကာရဲ့ဂိုးကို ခွင့်မပြုခဲ့ပေမယ့် ၃၂ […]

ဗဟိုနောက်ခံလူသစ် ၂ဦးကို ကလော့ပ်ချီးကျူးခဲ့ပြီး ဘရိုက်တန်နဲ့ပွဲမှာ အနားပေးသွားမယ်လို့ ဆို

February 3, 2021 SM 0

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က အသစ်ခေါ်ယူထားတဲ့ ဗဟိုနောက်ခံလူ ၂ဦးကို ချီးကျူးခဲ့ပြီး ဒီညကစားမယ့် ဘရိုက်တန်နဲ့ပွဲမှာ အနားပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ပရက်စတန်အသင်း နောက်ခံလူဘင်ဒေဗီးစ်နဲ့ ရှော်လ်ကေးအသင်း နောက်ခံလူ အိုဇန်ကာဘက်တို့ကို ခေါ်ယူခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဗန်ဒိုက်၊ ဂိုးမက်ဇ်၊ မာတစ်တို့ ၃ဦးစလုံးဒဏ်ရာရရှိထားတာကြောင့် ဗဟိုနောက်ခံလူနေရာအတွက် […]

ဗြိတိန်ကိုဗစ်စည်းမျဉ်းကြောင့် ဘင်ဖီကာနဲ့ အာဆင်နယ်တို့ရဲ့ယူရိုပါလိဂ်ပွဲစဉ်ကို ကြားကွင်းမှာ တစ်ကျော့တည်းကစားရဖွယ်ရှိနေ

February 3, 2021 SM 0

အာဆင်နယ်အသင်းဟာ ဖေဖော်ဝါရီလအတွင်း ဘင်ဖီကာအသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ် ၃၂သင်း အဆင့်ပွဲစဉ်တွေကို ဗြိတိန်ရဲ့ကိုဗစ်စည်းမျဉ်းကြောင့် ကြားကွင်းမှာ တစ်ကျော့တည်းကစားရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ လာမယ့် ဖေဖော်ဝါရီ ၁၈ရက်နေ့မှာ ပထမအကျော့အဖြစ် ဘင်ဖီကာကို ပေါ်တူဂီမြေမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပြန်လာပါကအသင်းအဖွဲ့သားအားလုံး ၁၀ရက် ကွာရန်တင်းဝင်ရမှာပါ။ ဗြိတိန်အစိုးရဟာ ကိုဗစ်ရောဂါပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရန်အတွက် […]