လီဗာပူးအသင်း ဇန်နဝါရီစျေးကွက်မှာ ဗဟိုခံစစ်ကစားသမားခေါ်ယူဖို့ ပီတာခရော့ချ် တိုက်တွန်း

December 31, 2020 SM 0

လီဗာပူးအသင်းကို လာမယ့် အပြောင်းအရွှေ့စျေးကွက်မှာ ဗဟိုခံစစ်ကစားသမားခေါ်ယူဖို့ ပီတာခရော့ချ် တိုက်တွန်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ခံစစ်ကို လူငယ်ကစားသမားတွေနဲ့ အားကိုးလို့ မရတော့တာကြောင့်လို့ ဆိုခဲ့ပါတယ်။ လီဗာပူးအသင်းဟာ သူတို့ရဲ့ ပထမဦးစားပေး ဗဟိုခံစစ်ကစားမားတွေဖြစ်ကြတဲ့ ဗန်ဒိုက်နဲ့ ဂိုမက်ဇ်တို့ ရာသီအစောပိုင်းမှာ ဒူးဒဏ်ရာရနေပြီး အခုလည်း ခံစစ်ကစားသမား နောက်တစ်ယောက်ဖြစ်တဲ့ ဂျိုးမာတစ်ဟာ […]

အသင်းဟောင်းဆီကို ပြောင်းရွေ့သွားဖို့ နီးစပ်နေတဲ့ အာဆင်နယ်ကစားသမား ကိုလာဆီနက်

December 31, 2020 SM 0

အာဆင်နယ် နောက်ခံတောင်ပံကစားသမား ကိုလာဆီနက်ကို ဂျာမန်ကလပ် ရှော်လ်ကေးအသင်းဆီ အငှားချဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုလာဆီနက်ဟာ ဒီနှစ်နွေရာသီတုန်းက လေဗာကူဆင်ကို မပြောင်းရွှေ့ခဲ့ဘဲ ၂၀၁၇ အာဆင်နယ်ကို မရောက်ခင်က သူကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကေးအသင်းဆီကိုပဲ ပြန်ရောက်သွားဖို့ နီးစပ်နေပါတယ်။ ရှော်လ်ကေးအသင်းဟာ မန်ယူကစားသမား […]

အကောင်းဆုံပုံစံပြန်ရဖို့ ဟက်ဇက်အတွက် အချိန်လိုအပ်ကြောင်း ဇီဒန်း ပြောကြား

December 31, 2020 SM 0

ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းက အီဒင်ဟာဇက်က သူ့ရဲ့အကောင်းဆုံးခြစွမ်းကို ပြန်ရဖို့အချိန်လိုအပ်တယ်လို့ ပြောသွားပါတယ်။ ကြာသပတေး မနက်မှာကစားခဲ့တဲ့ အယ်ချီနဲ့ ရီးရဲလ်ပွဲစဥ်မှာ လူစားလဲကစားသမားအနေနဲ့ ပွဲထွက်ခွင့်ရပါတယ်။ လာလီဂါချန်ပီယံ ရီးရဲလ်အသင်းအတွက် လူစားလဲကစားသမားအဖြစ် ပွဲချိန် ၇၇ မိနစ်မှာ ဝင်ရောက်ကစားခဲ့ပေမယ့် ရီးရဲလ်တို့ (၁-၁)ဂိုးနဲ့သာ ရာသီဝက်ပွဲစဥ်အဖြစ် ပြီးဆုံးသွားပါတယ်။ ဟာဇက်ဟာ ဒဏ်ရာရပြီးနောက်ပိုင်း ပထမဆုံး […]

၂၀၂၀ နှစ်ရဲ့ နောက်ဆုံးပွဲစဥ်မှာ သရေကျခဲ့ပေမယ့်လည်း ပျော်ရွှင်ပါတယ်လို့ဆိုတဲ့ ဂျာဂင်ကလော့ပ်

December 31, 2020 SM 0

၂၀၂၀ ခုနှစ်ဟာ လီဗာပူးအသင်းအတွက် နှစ်ရှည်စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့နှစ် ဖြစ်ပေမယ့်လည်း ဂျာဂင်ကလော့ပ်ကတော့ ၂၀၂၀ ခုနှစ်နောက်ပိုင်း လာမယ့်ရှေ့ရေးကိုပဲ စိတ်ဝင်စားနေတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အပိတ်ပွဲစဥ်ကိုတော့ လီဗာပူးတို့ နယူးကာဆယ်နဲ့ ဂိုးမရှိသရေရလဒ်ရရှိပြီး ဇယားထိပ်မှာ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကလော့ပ်က လိဂ်ဇယားရပ်တည်ချက်နဲ့ ပတ်သက်ပြီး “ဘာမှ […]

အသင်းကိုကူညီနိုင်ဖို့အတွက် စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်တယ်လို့ နှုတ်ဆက်စာနဲ့ ဖွင့်ဟခဲ့တဲ့ ဒီယေဂိုကော်စတာ

December 31, 2020 SM 0

အက်သလက်တီကို အသင်းတိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က အသင်းနဲ့ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။ စပိန်ဝါရင့်တိုက်စစ်မှူး ဒီယေဂိုကော်စတာ(၃၂နှစ်)ဟာ အက်သလက်တီကိုအသင်းမှာ တစ်ပတ်ပေါင် (၂၇၀,၀၀၀)အထိ ရရှိနေတာပါ။ သူ့ရဲ့စာချုပ်သက်တမ်းဟာ ၆လကျန်သေးပေမယ့် အသင်းငွေကုန်ကြေးကျသက်သာစေဖို့အတွက် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အသင်းကို ဆွာရက်ဇ်ရောက်ရှိလာခဲ့ပြီးနောက် ကော်စတာဟာ နည်းပြဆီမြွန်နီရဲ့ ဦးစားပေးစာရင်းမှာ မပါဝင်တော့ဘဲ လူစားဝင်အဖြစ်သာ […]

ဒူးဒဏ်ရာခွဲစိတ်ရမယ့် ကော်တင်ညိုကြောင့် ပေါင် ၁၈သန်းရဖို့ မျှော်လင့်ချက်ဝေးသွားတဲ့ လီဗာပူးလ်

December 31, 2020 SM 0

ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမား ကော်တင်ညိုရဲ့ အီဘာအသင်းနဲ့ပွဲက ရရှိတဲ့ဒူးဒဏ်ရာကို လာမယ့်ရက်ပိုင်းအတွင်း ခွဲစိတ်မှုပြု လုပ်သွားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၂၈နှစ်ရှိပြီဖြစ်တဲ့ ကော်တင်ညိုဟာ ဘာစီလိုနာ (၁-၁) အီဘာပွဲစဉ်မှာ ဒုတိယပိုင်း ရောက်မှ လူစားဝင်ကစားခဲ့တာဖြစ်ပြီး ဘယ်ဘက်ဒူးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ ကော်တင်ညိုအနေနဲ့ ဒဏ်ရာကိုခွဲစိတ်ရမှာဖြစ် လို့ ၄လခန့် အနားယူရဖွယ်ရှိနေပါတယ်။ ဒါဟာ […]

ငလျင်ဒဏ်ခံခဲ့ရတဲ့ အိမ်ထောင်စု ၁၆ စုကို သူ့ဟိုတယ်မှာ လာရောက်နေထိုင်ဖို့ ကမ်းလှမ်းခဲ့တဲ့ လိုဗရန်

December 30, 2020 SM 0

ရုရှားကလပ် ဇင်းနစ်အသင်းနောက်ခံလူ လိုဗရန်ဟာ အင်္ဂါနေ့က ခရိုအေးရှားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်ထောင်စု ၁၆စုကို သူ့ဟိုတယ်မှာ လာရောက်နေထိုင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ခရိုအေးရှားနိုင်ငံရဲ့ မြို့တော် ဇာဂရက်မြို့အရှေ့တောင်ဘက်မှာရှိတဲ့ ပီထရင်ဂျာမြို့မှာ အင်အား ၆.၃ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့တာကြောင့် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး လူ ၂၀ဦးထက်မနည်း […]

ရလဒ်ကောင်းလာတာနဲ့ပတ်သက်ပြီး ဇန်နဝါရီလစျေးကွက်အစီအစဥ်ကို မပြောင်းလဲဘူးလို့ အာတီတာ ပြောကြား

December 30, 2020 SM 0

အာဆင်နယ်အသင်း ရလဒ်ကောင်းတွေ ပြန်လည်ကောင်းလာပေမယ့် သူ့ရဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ အစီအစဥ်ကို ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ အာတီက ပြောသွားပါတယ်။ အာဆင်နယ်အသင်းဟာ ရလဒ်ဆိုးတွေကပြန်လည်ရုန်းထွက်လာနိုင်ပြီး နိုင်ပွဲဆက်ပျောက်ဆုံးမှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မနက်က ကစားခဲ့တဲ့ အဝေးကွင်ပွဲစဥ် ဘရိုက်တန်နဲ့ပွဲမှာ (၀-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အဲ့ဒီပွဲစဥ်မှာ လူစားထိုးဝင်လာတဲ့ လာကာဇက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ […]

ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရတော့မယ့် ဂါရတ်ဘေးလ်

December 30, 2020 SM 0

စပါးအသင်းတောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရတော့မယ်လို့ နည်းပြ မော်ရင်ညိုက အတည်ပြုပြောဆိုခဲ့ပါတယ်။ ဝေးလ်စ်လက်ရွေးစင်ကစားသမား ဂါရတ်ဘေးလ်ဟာ စတုတ်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ Carabao ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ခြေသလုံး ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ မော်ရင်ညိုက ” သူ(ဂါရတ်ဘေးလ်) ကစားနိုင်ဖို့ ကျွန်တော် မမျှော်လင့်ထားပါဘူး။ မော်ရာနဲ့ ဗင်နီစီးယပ်စ်ကလည်း ဖူလ်ဟမ်နဲ့ပွဲမှာ […]

ဝုလ်ဗ်ကိုအနိုင်ရခဲ့ခြင်းမှာ ကံတရားရဲ့ဖေးမမှု ပါဝင်ခဲ့ပါတယ်လို့ ဖွင့်ဟခဲ့တဲ့ ဆိုးလ်ရှား

December 30, 2020 SM 0

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက သူတို့အသင်းအနေနဲ့ ဝုလ်ဗ်ကို နောက်ကျသွင်းဂိုးနဲ့အနိုင်ရခဲ့ခြင်းမှာ ကံတရားရဲ့ဖေးမမှုပါဝင်ခဲ့တယ်လို့ ပွဲအပြီး ဖွင့်ဟသွားခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ မန်ယူအသင်းဟာ တိုက်စစ်ကစားသမား ရက်ဖို့ဒ်ရဲ့ နာကျင်အချိန်ပို ၉၀+၃မိနစ်မှာ သွင်းတဲ့ ဂိုးကြောင့် အဖိုးတန်နိုင်ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားက မန်ယူနည်းပြသက်တမ်းတစ်လျှောက်မှာ သူ့အနေနဲ့ ဝုလ်ဗ်အသင်းကို ပထမဆုံးအကြိမ်အနိုင်ရခဲ့တာဖြစ်ပြီး […]