ကိုဗစ်ကြောင့် ဂျာမန်နီကို လီဗာပူးလ်တို့ ဝင်ခွင့်မရဘဲ ကြားကွင်းအဖြစ် ဘူဒါပက်စ်မှာ လိုက်ပ်ဇစ်နဲ့ကစားသွားရဖို့ရှိနေ

February 5, 2021 SM 0

လီဗာပူးလ်နဲ့ လိုက်ပ်ဇစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပ-အကျော့ပွဲစဥ်ကို လိုက်ပ်ဇစ်အသင်းက ကစားဖို့ ကြားကွင်းမရှာနိုင်ခဲ့ရင် ဟန်ဂေရီမှာ ကစားသွားရမှာဖြစ်ပါတယ်။ အင်္ဂလန်အပါအဝင် အခြားကွင်းတွေမှာ ကစားနိုင်ဖို့ ပြောဆိုမှုတွေ လုပ်နေဆဲဖြစ်ပါတယ်။ ဂျာမနီ အာဏာပိုင်တွေက ကမ္ဘာ့ကပ်ရောဂါ ကူးစက်နှုန်းလျှော့ချဖို့အတွက် သွားလာခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် အားကစားတွေအတွက်လည်း ခြွင်းချက်အနေနဲ့ […]

အဂွဲရိုးနေရာမှာအစားထိုးဖို့ ဟာလန်းကို တစ်ပတ်လုပ်ခ ပေါင် ၄၀၀,၀၀၀ ပေးပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀နဲ့ ခေါ်ယူသွားနိုင်ဖို့ မန်စီးတီးအသင်းစီစဥ်

February 5, 2021 SM 0

မန်စီးတီးအသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူသွားမယ်လို့ သိရပါတယ်။ ဒေါ့မွန်ကစားသမား ဟာလန်းဟာ လာမယ့် ၂၀၂၂ မှာ စာချုပ်အချက်အလက်အရ ပေါင် ၆၆ သန်းနဲ့ ခေါ်ယူနိုင်မယ်ဆိုပေမယ့် မန်စီးတီးအသင်းဟာ ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းသွားမယ်လို့ Mirror သတင်းက သိရပါတယ်။ […]

အသင်းဟောင်းချဲလ်ဆီးကိုရှုံးနိမ့်အပြီး ကွင်းလယ်ဒိုင် မာရီနာကို ဝေဖန်သွားခဲ့တဲ့ မော်ရင်ညို

February 5, 2021 SM 0

ချဲလ်ဆီးကို (၁-၀)ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲစဥ်မှာ စပါးနည်ပြ မော်ရင်ညိုက ဒိုင်လူကြီး အမ်ဒရူးမာရီနာရဲ့ ကြီးကြပ်ကိုင်တွယ်ပုံကို ဝေဖန်သွားခဲ့ပါတယ်။ မော်ရင်ညိုဟာ အသင်းဟောင်း ချဲလ်ဆီးကို ရှုံးနိမ့်အပြီးမှာတော့ ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးပွဲကြုံခဲ့ရပါတယ်။ ဂျော်ဂျင်ဟိုရဲ့ ပထမပိုင်း ပင်နယ်တီကတော့ ချဲလ်ဆီးအတွက် နိုင်ပွဲယူဆောင်နိုင်ခဲ့ပါတယ်။ မော်ရင်ညိုအတွက် ဒီရှုံးပွဲဟာ သူ့ရဲ့နည်းပြဘဝ […]

ရလဒ်တွေဆိုးရွားပြီး အဆင့်၁၂နေရာရပ်တည် နေရချိန်မှာ ယူရိုပါလိဂ်ဝင်ခွင့်အတွက်သာ ပစ်မှတ်ထားခဲ့တယ်လို့ ဂွါဒီယိုလာဝန်ခံ

February 5, 2021 SM 0

မန်​စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ရာသီအစက ရလဒ်​တွေဆိုးရွားပြီး အဆင့်​၁၂​နေရာရပ်​တည်​နေရချိန်​မှာ ယူရိုပါလိဂ်​ဝင်​ခွင့်​အတွက်​သာ ပစ်​မှတ်​ထားခဲ့တယ်​လို့ ဘန်​လေကိုအနိုင်​ရတဲ့ပွဲအပြီး​ဝန်ခံ​ပြောဆိုခဲ့ပါတယ်​။ မန်​စီးတီးအသင်းဟာ​နောက်​ဆုံးကစားခဲ့တဲ့ပွဲစဉ်​မှာ ဘန်​လေကို ၂-၀ ဂိုးနဲ့အနိုင်​ရပြီး​နောက်​ တစ်​ပွဲ​လျော့ကစားကာ ရမှတ်​၄၇မှတ်​နဲ့ အမှတ်​ပေးဇယားကို ဦး​ဆောင်​နေပါတယ်​။ ဘန်​လေကိုအနိုင်​ရခဲ့တာဟာ မန်​စီးတီးအတွက်​ ပရီးမီးယားလိဂ်​နောက်​ဆုံး ၁၃ပွဲဆက်​အနိုင်​ရခဲ့တာလည်းဖြစ်​ပြီး လာမယ့်​တနင်္ဂ​နွေမှာ လီဗာပူးလ်​နဲ့ချန်​ပီယံဆုစိန်​ခေါ်ပွဲကစားရမှာပါ။ ဂွါဒီယိုလာက ရာသီအစက အသင်းရဲ့ပစ်​မှတ်​ဟာ […]

ဝက်စ်ဟမ်းအတွက်ပွဲဦးထွက်မှာခြေစွမ်းပြခဲ့တဲ့ လင်ဂတ်ကို ရက်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်တို့အပါ အဝင်မန်ယူအသင်းဖော်တွေ ဝိုင်းဝန်းချီးကျူး

February 5, 2021 SM 0

မန်ယူအသင်းက​နေ ဝက်​စ်​ဟမ်းကို အငှါးလာ​ရောက်​ကစား​နေတဲ့ ကွင်းလယ်​ကစားသမား လင်​ဂတ်​ဟာ အသင်းအတွက်​ပွဲဦးထွက်​မှာ​ခြေစွမ်းပြနိုင်​ခဲ့တာ​ကြောင့်​ရက်​ဖို့ဒ်​၊ ဘရူနိုဖာနန်​ဒက်​စ်​တို့အပါအဝင်​ မန်​ယူအသင်း​ဖော်​တွေက ဝိုင်းဝန်းချီးကျူးခဲ့ကြပါတယ်​။ အင်္ဂလန်​ကွင်းလယ်​ကစားသမား လင်​ဂတ်​(၂၈နှစ်​)ဟာ မန်​ယူအသင်းမှာပွဲထွက်​ခွင့်​ပျောက်​ဆုံး​နေတာ​ကြောင့်​ပြီးခဲ့တဲ့အ​ပြောင်းအ​ရွှေ့ကာလမှာ ဝက်​စ်​ဟမ်းကို​ရာသီကုန်​အထိ အငှါးစာချုပ်​နဲ့ ​ရောက်​ရှိလာခဲ့တာပါ။ လင်​ဂတ်​ဟာ ဝက်​စ်​ဟမ်းအသင်းအတွက်​ပထမဆုံးပါဝင်​ကစားတဲ့ အက်​စတွန်​ဗီလာအသင်းကို (၃-၁)ဂိုးနဲ့အနိုင်​ရတဲ့ပွဲမှာ​အသင်းအတွက်​ခြေ စွမ်းပြကာ ၂ဂိုးသွင်းယူ​ပေးခဲ့ပါတယ်​။ အက်​စတွန်​ဗီလာနဲ့ပွဲဟာ လင်​ဂတ်​အတွက်​ဒီရာသီ ပထမဆုံးကစားရတဲ့ပရီးမီးယားလိဂ်​ပွဲစဉ်​လည်းဖြစ်​ပြီး အသင်းသစ်​အတွက်​ပွဲဦးထွက်​မှာ […]

အာရွန်ရမ်ဆေးဟာ အာဆင်နယ်အသင်းဆီကို ပြန်လာလိမ့်မယ်လို့ အာဆင်နယ်ကစားသမားဟောင်း ပီရက်စ် ပြောကြား

February 4, 2021 SM 0

ကွင်းလယ်ကစားသမား အာရွန် ရမ်ဆေးဟာ ဂျူဗင်တပ်အသင်းမှာ ကစားတာပြီးသွားရင် နောက်ဆုံးအာဆင်နယ်အသင်းကို ပြန်ရောက်လာလိမ့်မယ်လို့ အာဆင်နယ်ကစားသမားဟောင်း ရော်ဘတ်ပီရက်စ်က ယုံကြည်နေပါတယ်။ ရမ်ဆေးဟာ ၂၀၁၉ တုန်းက ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး အမ်းမရိတ်မှာ ၁၁ နှစ်ကြာဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ရမ်ဆေးဟာ အူနိုင်းအမ်မရီလက်ထက်မှာ အာဆင်နယ်အသင်းရဲ့ အရံကစားသမားအဖြစ်သာ ပွဲထွက်ခွင့်ရခဲ့ပြီး အသင်းနဲ့စာချုပ်ကုန်အပြီးမှာတော့ […]

ဂျက်ဆီလင်ဂတ်ဟာ အင်္ဂလန်လက်ရွေးစင်မှာ ပြန်ပါဝင်လာအောင် ဆောက်ဂိတ်ကို တွန်းအားပေးလိမ့်မယ်လို့ မိုယက်စ် ပြောကြား

February 4, 2021 SM 0

အက်စတွန်ဗီလာကို အနိုင်ရတဲ့ပွဲစဥ်မှာ ဝက်စ်ဟမ်းအသင်းအတွက် ပွဲဦးထွက်ကစားခဲ့တဲ့ ဂျက်ဆီလင်ဂတ်အတွက် အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝကို ပြန်ရယူနိုင်ဖို့အတွက် နည်းပြ ဒေးဗစ်မိုယက်စ်က ထောက်ခံပြောဆိုသွားခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းနည်း ဆောက်ဂိတ်လာရောက်ကြည့်ရှုတဲ့ကစားပွဲမှာ လင်ဂတ်က ဝက်စ်ဟမ်းနဲ့ပွဲဦးထွက်မှာ ၂ ဂိုးသွင်းယူပေးခဲ့ပြီး အသင်းကလည်း (၃-၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ မန်ယူအသင်းကနေ အငှားနဲ့ရောက်ရှိလာတဲ့ လင်ဂတ်ဟာ ဆောက်ဂိတ်လက်အောက် […]

စပါးနဲ့ပွဲမတိုင်မီ ချဲလ်ဆီးနည်းပြ တူချယ်ကို ခနဲ့လိုက်တဲ့ မော်ရင်ညို

February 4, 2021 SM 0

မော်ရင်ညိုက ချဲလ်ဆီးအသင်းနဲ့ ဆုဖလားတွေယူရတာဟာ လွယ်ကူပါတယ်လို့ ချဲလ်ဆီးနည်းပြသစ်ဖြစ်တဲ့ တူချယ်ကို စပါးနဲ့ကစားမီ ဖိအားပိုဖြစ်အောင် ပြောဆိုသွားခဲ့ပါတယ်။ စပါးနည်းပြမော်ရင်ညိုဟာ ချဲလ်ဆီးနဲ့ ဒီညမကစားခင်မှာ “ချဲလ်ဆီးမှာ နည်းပြလုပ်ရတာ မခက်ခဲဘူးထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်အဲ့မှာ ချန်ပီယံ ၃ ကြိမ်ရယူခဲ့ဖူးတယ်။ အန်လ်ဆယ်လော့တီ တစ်ကြိမ်နဲ့ ကွန်တီတို့လည်း တစ်ကြိမ်စီ ချန်ပီယံဖြစ်ဖူးတယ်။”လို့ […]

ဘရိုက်တန်ကို အိမ်ကွင်းမှာရှုံးနိမ့်အပြီး လီဗာပူးလ်ဟာ စိတ်ဓာတ်ပိုင်းအရ ပင်ပန်းနေကြပြီလို့ ကလော့ပ် ဝန်ခံပြောကြား

February 4, 2021 SM 0

လီဗာပူးလ်အသင်းရဲ့ လက်ရှိစွမ်းဆောင်မှုတွေက သူတို့ရဲ့ ပရီးမီးယားချန်ပီယံဆုကို ကာကွယ်နိုင်တဲ့ အဆင့်မျိုးမဟုတ်ဘူးလို့ နည်းပြ ဂျာဂင်ကလော့ပ်က ဝန်ခံသွားပါတယ်။ ပရီးမီးယားလိဂ်မှာ လေးနှစ်နီးပါးလောက် အိမ်ကွင်းရှုံးပွဲမရှိစံချိန်တင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့လမှာ ဘန်လေကို အိမ်ကွင်းမှာရှုံးခဲ့ပြီး စံချိန်ပျက်သွားခဲ့တဲ့နောက် ယခုတစ်ခါ အိမ်ကွင်းမှာ ဘရိုက်တန်ကို (၀-၁)ဂိုးနဲ့ ထပ်ရှုံးသွားခဲ့ပါတယ်။ ဘရိုက်တန်အတွက်ဂိုးကိုတော့ စတီဗင်အဇိတ်က သွင်းယူပေးခဲ့ပြီး သူ့ရဲ့ […]

ဒိုင်လူကြီးမိုက်ဒင်းနဲ့ လီမာဆွန်ကို သူတို့ပွဲစဥ်တွေ မကြီးကြပ်ဖို့ တောင်းဆိုသွားမယ့် ဆောက်သမ်တန်

February 3, 2021 SM 0

ဆောက်သမ်တန်အသင်းဟာ ရှေ့လျှောက် သူတို့ကစားမယ့်ပွဲစဥ်တွေကို ဒိုင်လူကြီး လီမာဆွန်နဲ့ မိုက်ဒင်းတို့ မကြီးကြပ်ဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။ ဆောက်သမ်တန်အသင်းဟာ မန်ယူအသင်းနဲ့ အက်စတွန်ဗီလာတို့နဲ့ ကစားတဲ့ ရှုံးနိမ့်ပွဲစဥ်တွေမှာ ကြီးကြပ်တဲ့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့် အသင်းက ဒေါသထွက်ခဲ့ရပါတယ်။ စနေနေ့က ဒိုင်လူကြီး လီမာဆွန် ကြီးကြပ်တဲ့ အက်စတွန်ဗီလာကို (၁-၀)ဂိုးနဲ့ […]