ဘန်လေကို ရှုံးခဲ့တာဟာ မိမိရဲ့ အမှားပါလို့ ဝန်ခံပြောကြားသွားတဲ့ ဂျာဂင်ကလော့ပ်

January 22, 2021 SM 0

အန်းဖီးလ်ကွင်းမှာ ဘန်လေအသင်းကို ရှုံးနိမ့်ခဲ့တဲ့အပေါ် ကလော့ပ်က အပြည့်အဝ တာဝန်ယူတယ်လို့ ပြောသွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ ၄ နှစ်နီးပါး အိမ်ကွင်းရှုံးပွဲမရှိ အသင်းသမိုင်းဝင်စံချိန်ပါ ပျက်သွားခဲ့ရပါတယ်။ ကလော့ပ်က သူတို့အသင်းဟာ ဒီပွဲကို မရှုံးနိုင်တဲ့ပွဲဖြစ်တယ်လို့ ထင်ခဲ့မိကြောင်း ဝန်ခံသွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ ပွဲစဉ်တလျှောက်လုံး ထိန်းခဲ့နိုင်ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းနဲ့ […]

CIES ကထုတ်ပြန်တဲ့ တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် ရက်ဖို့ဒ် ရပ်တည်နေပြီး ထိပ်ဆုံး ၁၀၀ ဦးမှာ စီရော်နယ်လ်ဒို မပါဝင်

January 8, 2021 SM 0

ဘောလုံးလေ့လာမှုအဖွဲ့ CIES က ၂၀၂၁ခုနှစ်အတွက် ကစားသမားတန်ဖိုးစာရင်းကို ထုတ်ပြန်ခဲ့ရာ မန်ယူအသင်းတိုက်စစ်ကစားသမား ရက်ဖို့ဒ်က ထိပ်ဆုံးမှာ ရပ်တည်နေပြီး စီရော်နယ်ဒိုကတော့ ထိပ်ဆုံး၁၀၀ဦးစာရင်းမှာတောင် မပါဝင်ခဲ့ပါဘူး။ CIES ဟာ ဒီစာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိပြီး တန်ဖိုးတွေကိုတော့ ကစားသမားရဲ့အသက်၊ ခြေစွမ်း၊ စာချုပ်သက်တမ်း၊ အသင်းရဲ့ရလဒ်ပိုင်း၊ စျေးကွက်အခြေအနေ စတဲ့အချက်တွေအပေါ် မူတည်ပြီး […]

ငလျင်ဒဏ်ခံခဲ့ရတဲ့ အိမ်ထောင်စု ၁၆ စုကို သူ့ဟိုတယ်မှာ လာရောက်နေထိုင်ဖို့ ကမ်းလှမ်းခဲ့တဲ့ လိုဗရန်

December 30, 2020 SM 0

ရုရှားကလပ် ဇင်းနစ်အသင်းနောက်ခံလူ လိုဗရန်ဟာ အင်္ဂါနေ့က ခရိုအေးရှားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်ထောင်စု ၁၆စုကို သူ့ဟိုတယ်မှာ လာရောက်နေထိုင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ခရိုအေးရှားနိုင်ငံရဲ့ မြို့တော် ဇာဂရက်မြို့အရှေ့တောင်ဘက်မှာရှိတဲ့ ပီထရင်ဂျာမြို့မှာ အင်အား ၆.၃ ရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့တာကြောင့် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး လူ ၂၀ဦးထက်မနည်း […]

ဒေါ့မွန်မှာ ကလော့ပ်နဲ့ ကြာကြာလက်မတွဲခဲ့ရတဲ့အပေါ် နောင်တရမိတယ်လို့ ဝန်ခံသွားခဲ့တဲ့ ဂေါ့ဇီ

December 29, 2020 SM 0

မာရီယို ဂေါ့ဇီဟာ ဒေါ့မွန်ကနေ ထွက်ခွာပြီး ဘိုင်ယန်မြူးနစ်ဆီကို ပြောင်းရွှေ့ခဲ့တဲ့အပေါ် နောင်တရခဲ့တယ် ဆိုခဲ့ပြီး ဂွါဒီယိုလာလက်အောက်မှာ ကစားမယ့်အစား ကလော့ပ်ဆီမှာပဲ ဆက်နေခဲ့သင့်တယ်လို့ ‌ဖွင့်ဟသွားခဲ့ပါတယ်။ ကွင်းလယ်ကစားသမား ဂေါ့ဇီဟာ ၂၀၁၃ တုန်းက ဒေါ့မွန်ကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပေါင် ၃၃.၅ သန်း နဲ့ ပြောင်းရွေ့သွားခဲ့ပါတယ်။ အသက် […]

The Best ဆုရခဲ့တာနဲ့ပတ်သက်ပြီး စီရော်နယ်လ်ဒိုနဲ့ မက်ဆီကွာခြားချက်ကို ထုတ်ပြောလိုက်တဲ့ လီဝန်ဒေါစကီး

December 28, 2020 SM 0

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးက ၂၀၂၀ခုနှစ်အတွက် The Best ဆုရခဲ့တာနဲ့ ပတ်သက်ပြီး စီရော်နယ်လ်ဒိုနဲ့ မက်ဆီ ကွာခြားချက်ကို ထုတ်ပြောလိုက်ပါတယ်။ လီဝန်ဒေါစကီးဟာ ၂၀၁၆ခုနှစ်မှာ စတင်ချီးမြှင့်တဲ့ ဖီဖာ The Best ဆုကို ဒီနှစ်မှာတော့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီကိုကျော်ဖြတ်ကာ ဆွတ်ခူးခဲ့ပါတယ်။ The Best ဆုရရှိသူကိုကြေညာချိန်မှာ […]

Globe Soccer Award ဆုပေးပွဲမှာ အကောင်းဆုံးကစားသမားဆုတွေရရှိခဲ့တဲ့ လီဝန်ဒေါစကီးနဲ့ စီရော်နယ်လ်ဒို

December 28, 2020 SM 0

မနေ့ညက ဒူဘိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ 2020 Globe Soccer Award ဆုပေးပွဲမှာ အကောင်းဆုံး ကစားသမားဆုတွေကို လီဝန်ဒေါစကီးနဲ့ စီရော်နယ်လ်ဒိုတို့က ရရှိခဲ့ပါတယ်။ ဒူဘိုင်းအားကစားကောင်စီကကြီးမှူးကျင်းပတဲ့ ဒီဆုပေးပွဲဟာ နှစ်အလိုက် အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးအသင်းဆုနဲ့ အကောင်းဆုံးကစားသမားအေးဂျင့်ဆုတို့ကိုသာ အဓိကရွေးချယ်ချီးမြှင့်လေ့ရှိတာပါ။   ဒီဆုပေးပွဲကို ကမ္ဘာ့အမြင့်ဆုံးတာဝါဖြစ်တဲ့ ဘာ့ဂျ်ခါလီဖာမှာ […]

ကိုဗစ်ရောဂါဖြစ်ပွားနေတာကြောင့် ၂၀၂၁ ခုနှစ်မှာ ကျင်းပမယ့် ယူ-၂၀ နဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ရွှေ့ဆိုင်းခဲ့တဲ့ FIFA

December 26, 2020 SM 0

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဟာ ကမ္ဘာတစ်ဝှမ်း ကိုဗစ်ရောဂါဖြစ်ပွားနေတာကြောင့် လာမယ့် ၂၀၂၁ ခုနှစ်မှာ ကျင်းပပြုလုပ်ဖို့စီစဉ်ထားတဲ့ ယူ-၂၀နဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၂၁ခုနှစ် ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိထားတာဖြစ်ပြီး တောင်အမေရိကတိုက်အခြေစိုက် ပီရူးနိုင်ငံဟာလည်း ၂၀၂၁ ခုနှစ် ယူ-၁၇ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရရှိထားတာဖြစ်ပါတယ်။ FIFA ရဲ့ထုတ်ပြန်ချက်မှာ […]