
စနေနေ့ညက အနိုင်ရခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ FAဖလားပွဲစဉ်မှာ ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက ကွင်းလယ်ကစားသမား စကော့ တော်မီနေးလ်ကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
နည်းပြဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို လူစာရင်း အပြောင်းအလဲတချို့ ပြုလုပ်ခဲ့ပြီး လင်ဂတ်နဲ့ မာတာတို့ကို ပွဲထုတ်ခဲ့ပါတယ်။ တော်မီနေးလ်ဟာ ဒီပွဲစဉ်မှာ အသင်းခေါင်ဆောင်အဖြစ် အသင်းအတွက်ပထမဦးဆုံး ပွဲထွက်ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။
ပွဲကစားချိန် ငါမိနစ်မှာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို တွမ်မီနေးလ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးတဲ့အထိ အပြန်အလှန်ဂိုးသွင်းယူတာတွေမရှိဘဲ ဝက်ဖို့ဒ်ကိုအသင်းကို (၁-၀) ဂိုးနဲ့အနိုင်ရပြီး FA ဖလား နောက်တဆင့်ကို ယူနိုက်တက်တို့ တက်ရောက်သွားနိုင်ခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် တော်မီနေးလ်ဟာ ယခုရာသီ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံမှာ ၄ ဂိုးမြောက် သွင်းယူပေးထားနိုင်ပြီး ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီမှာတော့ ၃၇ ပွဲမှာ ၅ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။
ဆိုးလ်ရှားက “တော်မီနေးလ်က ဒီရာသီမှာ အကောင်းပုံစံရှိနေပါတယ်။ သူက တဖြည်းဖြည်းနဲ့ ပြိုင်ဖက်အသင်းတွေအတွက် အန္တရာယ်ရှိတဲ့ ကစားသမား ဖြစ်လာပြီ။ ကျွန်တော်တို့ အားလုံးသိတဲ့အတိုင်း သူက ကွင်းလယ်မှာ box-to-box ကစားနိုင်တယ်။” လို့ bbc ကို ပြောသွားပါတယ်။
” တော်မီနေးလ်က ဒီထက် ဂိုးပိုရခဲ့သင့်တယ်။ ဒါပေမယ့်လည်း သူ့ရဲ့သွင်းဂိုးအတွက် ကျွန်တော်အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့ပွဲကို ကောင်းကောင်းထိန်းပြီး အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့တယ်”လို့ ပြောသွားပါတယ်။
Ref : goal.com
Leave a Reply