
ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ Transfermarkt က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ စစ်တမ်းအရ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကစားသမားစာရင်း ပိုင်ဆိုင်ထားတဲ့အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ကစားသမားတွေရဲ့စျေးကွက်တန်ဖိုးနဲ့စွမ်းဆောင်ရည်ကိုအထူးပြုဖော်ပြနေတဲ့ Transfermarkt ဝက်ဘ်ဆိုက်ဟာ ဒီစာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ပြီး တစ်နှစ်ကို ၂ကြိမ်လောက် ထုတ်ပြန်နေတာပါ။
အခုထုတ်ပြန်ချက်အရ လီဗာပူးလ်အသင်းရဲ့ ကစားသမားစာရင်းဟာပေါင် ၁ဘီလီယံနီးပါး တန်ဖိုးရှိပြီး ထိပ်ဆုံး ၁၀သင်းမှာ ပရီးမီးယားလိဂ်က ၅သင်းအထိ ပါဝင်နေပါတယ်။
လီဗာပူးလ်အသင်းရဲ့ကစားသမားတန်ဖိုးကို ပေါင် ၉၉၄.၁၄သန်း သတ်မှတ်ထားပြီး ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းကတော့ ပေါင် ၉၅၇.၈၇သန်းနဲ့ ဒုတိယလိုက်နေပါတယ်။ သူ့နောက်မှာတော့ ဘိုင်ယန်မြူးနစ်၊ PSG၊ ချယ်လ်ဆီး၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ မန်ယူ၊ အက်သလက်တီကိုနဲ့ စပါးတို့က ထိပ်ဆုံး ၁၀သင်းအဖြစ် အစဉ်လိုက်ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ် ကြီး ၆ကြီးထဲမှာ ၅သင်း ထိပ်ဆုံး ၁၀သင်းစာရင်းဝင်ခဲ့ပေမယ့် အာဆင်နယ်ကတော့ ပေါင် ၅၀၄.၆၃သန်းနဲ့ အဆင့် ၁၅နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။
ကမ္ဘာ့တန်ဖိုးအကြီးဆုံးကစားသမားစာရင်းပိုင်ဆိုင်ထားတဲ့ ထိပ်ဆုံး ၁၅သင်း
၁။ လီဗာပူးလ် (ပေါင် ၉၉၄.၁၄သန်း) ၂။ မန်စီးတီး (ပေါင် ၉၅၇.၈၇သန်း) ၃။ ဘိုင်ယန်မြုးနစ် ( ပေါင် ၈၀၂.၂၆သန်း) ၄။ PSG (ပေါင် ၇၈၃သန်း) ၅။ ချယ်လ်ဆီး (ပေါင် ၇၄၄.၃၅သန်း) ၆။ ဘာစီလိုနာ (ပေါင် ၇၂၂.၂၅သန်း) ၇။ ရီးယဲလ်မက်ဒရစ် (ပေါင် ၇၂၁.၈၀သန်း) ၈။ မန်ယူ (ပေါင် ၆၉၂.၄၂သန်း) ၉။ အက်သလက်တီကို ( ပေါင် ၆၇၁.၅၈သန်း) ၁၀။ စပါး ( ပေါင် ၆၆၈.၃၀သန်း) ၁၁။ ဂျူဗင်တပ်စ် (ပေါင် ၆၂၃.၁၆သန်း) ၁၂။ ဒေါ့မွန် ( ပေါင် ၅၅၃.၆၈ သန်း) ၁၃။ အင်တာမီလန် ( ပေါင် ၅၄၇.၇၄သန်း) ၁၄။ နာပိုလီ ( ပေါင် ၅၂၈.၇၅သန်း) ၁၅။ အာဆင်နယ် ( ပေါင် ၅၀၄.၆၃သန်း)
Ref:football.london
Leave a Reply