
ဂျူဗစ်တပ်နောက်ခံကစားသမား ဒီလစ်ဟာ ကိုဗစ်စစ်ဆေးခဲ့ရာ positive ရလဒ်ထွက်ခဲ့တယ်လို့ အသင်းက ထုတ်ပြန်ပြီဖြစ်ပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့ ဒီလစ်ဟာ လာမယ့်ရက်အတွင်း ကစားရမယ့် ဆက်ဆူအိုလိုနဲ့ ပွဲစဥ်ကို လွဲချော်သွားမှာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က အေစီမီလန်ကို (၃-၁)နဲ့ အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဥ်မှာ ဒီလစ်ဟာ ပွဲချိန်ပြည့်ကစားသွားပြီး အခုတော့ သီးခြားပြီး ခွဲနေရပါတယ်။
ဒီလစ်ဟာ ရာသီအစပိုင်းမှာ ပခုံးခွဲစိတ်မှုပြုလုပ်ခဲ့ရတာကြောင့် ပွဲစဥ်တချို့ကို လွဲချော်ခဲ့ပေမယ့် ကြံ့ခိုင်ရေး ပြန်ကောင်းလာပြီးနောက် နိုဝင်ဘာလကတည်းကစပြီး ဂျူဗင်အသင်းအတွက် ဆက်တိုက်ပါဝင်ကစားပေးခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းဟာ ဒီလစ်ပြန်ပါဝင်လာတဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၁ပွဲသာ ရှုံးနိမ့်ထားပြီး ချန်ပီယံပြေးလမ်းကြောင်းနဲ့ ဝေးကွာနေတဲ့အသင်းကို ပြန်ပြီးနီးစပ်အောင် အသင်းနဲ့အတူစွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းဟာ စီးရီးအေ ချန်ပီယံဆုကို ၉ ကြိမ် ရယူထားနိုင်ပြီး နည်းပြသစ်ဖြစ်တဲ့ ပီယာလိုက ဒီရာသီမှာ ၁၀ ကြိမ်မြောက်အဖြစ် ရယူဖို့ ကြိုးစားနေပါတယ်။
ပီယာလိုအသင်းဟာ တစ်ပွဲလိုနဲ့ ဇယားထိပ်က အေစီမီလန်နဲ့ ၇ မှတ်ကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဂျူဗင်တပ်ဟာ တနင်္ဂနွေနေ့မှာ တစ်မှတ်သာကွာဟပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ဆက်ဆူအိုလိုကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။
ဒီလစ်ဟာ တစ်ပတ်အတွင်း ကိုဗစ်ကူးစက်ခံရတဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာပြီး အဲလက်ဇ် ဆန်ဒရိုကတော့ ပြီးတဲ့ တနင်္လာနေ့မှာ ကူးစက်ခံထားရပါတယ်။
Ref: goal.com
Leave a Reply