ကြွက်သားဒဏ်ရာကြောင့် လာမယ့် မိုကမ်ဘီနဲ့FA ပွဲစဥ်မှာ ကန်တီ ပါဝင်နိုင်မဟုတ်ဘူးလို့ လမ်းပတ် အတည်ပြု

ချဲလ်ဆီးကွင်းလယ်ကစားသမား ကန်တီ ကြွက်သားဒဏ်ရာရနေတယ်လို့ နည်းပြဖရန့်လမ်းပတ်က အတည်ပြုပြောကြားလိုက်ပါတယ်။ အခုတလော အသင်းရလဒ်ပိုင်း ဆိုးရွားနေတာကို ဖြေရှင်းနိုင်မယ့်ကန်တီကို ဒဏ်ရာ မပြင်းထန်ဖို့ လမ်းပတ်က မျှော်လင့်နေပါတယ်။

လမ်းပတ်ဟာ ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ စွမ်းဆောင်ထားနိုင်တဲ့ ရလဒ်ဆိုးတွေကြောင့် ဖိအားအများအပြား ရင်ဆိုင်နေရပါတယ်။

ကွင်းလယ်ကစားသမား ကန်တီဟာ ချဲလ်ဆီးအသင်းအတွက် ၁၀ ရက်အတွင်း နောက်ဆုံးပွဲစဥ် ၄ ပွဲမှာ ပါဝင်ကစားပေးထားပါတယ်။

ကန်တီအပါအဝင် ရီးစ်ဂျိမ်းနဲ့ ခရစ္စတန်ဆမ်တို့ကလည်း ဒဏ်ရာရစာရင်းထဲပါဝင်တာကြောင့် လာမယ့်တနင်္ဂနွေနေ့မှာ ကစားရမယ့် မိုကမ်ဘီနဲ့ FA ပွဲစဥ်ကို လွဲချော်သွားမှာ ဖြစ်ပါတယ်။

“ရီးစ်ဂျိမ်းကတော့ ကစားပွဲမှာမပါဝင်ပေမယ့်လည်း ကျွန်တော်တို့နဲ့ မနက်ဖြန်လေ့ကျင့်ရေးဆင်းရမှာပါ။”လို့ လမ်းပတ်က ပြောသွားပါတယ်။

“ခရစ္စတန်ဆမ်နဲ့ ကန်တီတို့လည်း အသေးစား ဒဏ်ရာတွေနဲ့ ကစားပွဲမှာပါဝင်နိုင်မှာမဟုတ်ပါဘူး။ အဲ့တော့ FA ပွဲကို သူလွဲချော်မယ်။ လာမယ့် ဖူလ်ဟမ်နဲ့ပွဲကိုလည်း ဆိုင်းထားမှာပါ။ အဲ့တော့ အဲ့ ၃ ယောက်စလုံး မပါဝင်ပါဘူး။” လို့ပြောသွားပါတယ်။

ဖရန့်လမ်းပတ်ဟာ ချဲလ်ဆီးအသင်းအတွက် ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတာကြောင့် နည်းပြရာထူးနေရာအတွက် စိုးရိမ်စရာဖြစ်လာပြီး လာမယ့် FA မိုကမ်ဘီနဲ့ ပွဲစဥ်မှာ အနိုင်ကစားသွားမှ ဖိအားတချို့တွေ လျော့ကျသွားနိုင်ပါမယ်။

Ref: Goal.com

Be the first to comment

Leave a Reply

Your email address will not be published.


*