
ကွင်းလယ်ကစားသမား ဗန်ဒီဘိတ်က ယူနိုက်တက်အသင်းမှာအသုံးမလိုတော့တဲ့ပုံစံ ဖြစ်လာတာကြောင့် ဝေဖန်မှုတွေ ဖြစ်ပေါ်နေတဲ့အပေါ် နည်းပြ ဆိုးလ်ရှားကတော့ သူ့ကို ပွဲထွက်ခွင့်နဲ့ပတ်သက်ပြီး စိတ်ချရန်အာမခံကြောင်း ပြောဆိုထားပြီးဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
နွေရာသီအပြောင်းအရွှေ့မှာ အေဂျက်ကနေ ပြောင်းရွှေ့လာတဲ့ ဗန်ဒီဘိတ်ဟာ ယူနိုက်တက်အသင်းအတွက် ၈ ပွဲသာ ကစားထားရပြီး ခေါ်ယူလိုက်တဲ့အပေါ် မေးခွန်းမေးစရာတွေဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒတ်ချ်ကစားသမားဟောင်း ရော်နယ်ဒီဘိုးက နောက်လာမယ့် ယူရိုဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းအတွက် ပွဲထွက်ခွင့်ရဖို့ အသင်းပြောင်းသင့်ကြောင်း ပြောသွားခဲ့ပါတယ်။
နည်းပြဆိုးလ်ရှားကတော့ လာမယ့် FA ဖလား ဝက်ဖို့ဒ်နဲ့ တတိယအကျော့ပွဲစဥ်မှာ ဗန်ဒီဘိတ်အတွက် အခွင့်အရေးတွေ ပေးသွားမှာလို့ အခိုင်မာ ပြောဆိုလိုက်ပါတယ်။
အရည်အသွေးရှိတဲ့ ကစားသမားတွေအချိန်တချို့ လိုအပ်တယ်ဆိုတာ သာဓကတွေအများကြီးပါပဲ။ ကျွန်တော်တို့ဆီမှာလည်း သာဓကတွေ ရှိခဲ့ပါတယ်။ တခါတလေမှာတော့ တစ်ချိန်တစ်ခုအထိစောင့်ရတာပေါ့။
ဗန်ဒီဘိတ်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် “သူ့ကို ဂရုစိုက်တဲ့သူတွေအတွက် ဒီအချိန်မှာ ဘာမှမပြောဖို့ မျှော်လင့်နေလို့မရပါဘူး။ ဗန်ဒီဘိတ် မနက်ဖြန်မှာ ပွဲထွက်ကစားရမှာပါ။ ဒါက သူ့အတွက်နောက်ထပ် အခွင့်အရေးတစ်ခုပါပဲ။ ကျွန်တော်တို့သူ့ကို ဘယ်လိုသဘောထားလဲဆိုတာ သူ့ကိုပြောပြပြီးပါပြီ။ သူမနက်ဖြန်မှာကစားရမယ် ဒါသူ့အတွက် အခွင့်အရေးကောင်းပဲ။”လို့ ပြောသွားပါတယ်။
ယူနိုက်တက်အသင်းမှာ နောက်ထပ် ရုန်းကန်နေရတဲ့ ကစားသမားတစ်ဦးကတော့ နောက်ခံတောင်ပံကစားသမား ဘရန်ဒန်ဝီလီယံဖြစ်ပြီး အခြားအသင်းကို အငှားသွားရောက်ကစားဖို့လည်း သတင်းထွက်နေပါတယ်။
Ref: Goal.com
Leave a Reply