ကိုဗစ်ကာလအတွင်း လစာပေးချေဖို့အတွက် အင်္ဂလန်ဗဟိုဘဏ်ဆီက ပေါင်သန်း ၁၂၀ ချေးယူခဲ့တဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ ကိုဗစ်ကာလအတွင်း ကစားသမားနဲ့ ဝန်ထမ်းတွေရဲ့လစာကိုပေးချေဖို့အတွက် အင်္ဂလန်ဗဟိုဘဏ်ဆီက ပေါင်သန်း ၁၂ဝ ချေးယူဖို့ သဘောတူညီချက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီချေးငွေကို အာဆင်နယ်အသင်းအနေနဲ့ လာမယ့်မေလကုန်မှာ ပြန်ဆပ်ရမှာဖြစ်ပြီး ကိုဗစ်ကာလအတွင်း ကွင်းဝင်ကြေးမရရှိခဲ့တဲ့အတွက် အင်္ဂလန်ဗဟိုဘဏ်ရဲ့ ကိုဗစ်ဆိုင်ရာငွေကြေး ထောက်ပံ့မှုအစီအစဉ်က ချေးငွေကို ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဒီငွေကြေးကို ကစားသမားခေါ်ယူရာမှာ လုံးဝသုံးစွဲခွင့်မရှိဘဲ အသင်းရဲ့ လစာပေးချေမှုအတွက်သာ အဓိက အသုံးပြုရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း စပါးအသင်းနဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တို့ဟာ အင်္ဂလန်ဗဟိုဘဏ်ဆီက ဒီလိုကာလတိုအကူအညီမျိုး ရယူခဲ့ဖူး ပါတယ်။

အဲဒီတုန်းက စပါးအသင်းဟာ ပေါင် ၁၇၅သန်းချေးယူခဲ့ပြီး အတိုးနှုန်း ၀.၅ ရာခိုင်နှုန်းပေးချေခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ လက်မှတ်စျေးနှုန်း ကြီးမြင့်မှုနဲ့အတူ ကွင်းဝင်ကြေးများစွာရရှိနေတဲ့အသင်းဖြစ်ပြီး ၂၀၁၈-၁၉ရာသီမှာ အသင်းရဲ့ဝင်ငွေ ၄ပုံ ၃ပုံကို ကွင်းဝင်ကြေးကနေ ရရှိခဲ့ပါတယ်။

ကိုဗစ်ကြောင့် ဝင်ငွေသိသိသာသာကျဆင်းခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဆန်လီဟီ၊ ဟက်ဖာမီတို့လို အသင်းရဲ့စီနီယာဝန်ထမ်းတွေအပါအဝင် ဝန်ထမ်းစုစုပေါင်း ၅၅ ဦး အထိ ထုတ်ပယ်ခဲ့ပါတယ်။

လက်ရှိရာသီမှာလည်း ကွင်းထဲကပရိသတ်ကိုသာ အားထားနေရဲ့အာဆင်နယ်အသင်းရဲ့ဝင်ငွေဟာ ဆက်လက်ကျဆင်းသွားဖို့ ရှိနေပြီး ခန့်မှန်းတွက်ချက်မှုအရ ရာသီကုန်အထိဆိုရင် ကွင်းဝင်ကြေးကနေ ပေါင် ၁၄၄သန်း လောက် နစ်နာနိုင်တယ်လို့ သိရပါတယ်။

Ref: ESPN

Be the first to comment

Leave a Reply

Your email address will not be published.


*