ဆွန်ဟောင်မင်ကို တစ်ပတ်ပေါင် ၂၀၀,၀၀၀ နဲ့ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတဲ့ စပါးအသင်း

စပါးအသင်းဟာ ဒီရာသီမှာ ဟယ်ရီကိန်းနဲ့အတူ တွဲဖက်ညီညီခြေစွမ်းပြနေတဲ့ ဆွန်ဟောင်မင်ကို တစ်ပတ်ပေါင် ၂၀၀,၀၀၀ နဲ့ စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားလက်ရွေးစင်တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ စာချုပ်သစ်ကိစ္စကို ပြီးခဲ့တဲ့နှစ်က စပါးနဲ့ဆွေးနွေးခဲ့ပေမယ့် ကိုဗစ်ကြောင့်အသင်းဝင်ငွေထိခိုက်ခဲ့လို့ ဆွေးနွေးမှု ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး စတဲ့အသင်းတွေက ဆွန်ဟောင်မင်ကို ခေါ်ယူဖို့စိတ်ဝင်စားနေတာကြောင့် စပါးအနေနဲ့ တစ်ပတ်ပေါင် ၂သိန်းအထိ တိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေတာပါ။

စပါးအသင်းဟာ အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို စာချုပ်သက်တမ်းတိုးခဲ့ပြီးနောက် သူ့ရဲ့တွဲဖက် ဆွန်ဟောင်မင်ကိုလည်း အသင်းမှာဆက်ထိန်းနိုင်ဖို့ ကြိုးစားလာတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ရဲ့ လက်ရှိစာချုပ်မှာ ၂၀၂၃ခုနှစ်အထိဖြစ်ပြီး တစ်ပတ်ပေါင် ၁၅၀,၀၀၀ ရရှိနေတာဖြစ်ပါတယ်။ စပါးအသင်းက လက်ရှိလစာထက် ၂၅ရာခိုင်နှုန်း တိုးပေးပြီး တစ်ပတ်ပေါင် ၂၀၀,၀၀၀ နဲ့ သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၂၅ပွဲကစားခဲ့ရာမှာ ၁၆ဂိုး သွင်းယူပေးထားပါတယ်။ စပါးအသင်းဟာ ကွင်းသစ်တည်ဆောက်ခဲ့မှုကြောင့် ပေါင် ၁ ဘီလီယံကုန်ကျခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပေါင် ၆၃.၉သန်း အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဆွန်ဟောင်မင်ကိုသက်တမ်းတိုးဖို့ အလိုရှိနေတဲ့ စပါးနည်းပြ မော်ရင်ညိုကလည်း အသင်းဥက္ကဌလီဗိုင်းနဲ့ ဆွန်ဟောင်မင်ကို ယုံကြည်မှုရှိတယ်လို့ ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*