အိုဇေးလ်ရဲ့အနာဂတ်ကိုလာမယ့်ရက်ပိုင်းအတွင်းဆုံးဖြတ်မယ်လို့ အာတီတာပြောကြား

အာဆင်နယ်အသင်းနည်းပြ အာတီတာက အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်နေတဲ့ ကွင်းလယ်လူ အိုဇေးလ်ရဲ့အနာဂတ်ကို လာမယ့်ရက်ပိုင်းအတွင်း ဆုံးဖြတ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ရာသီကုန်မှာ အာဆင်နယ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အိုဇေးလ်ကို တူရကီကလပ် ဖီနာဘာချီနဲ့ မေဂျာလိဂ်ကလပ် DCယူနိုက်တက်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဒါပေမဲ့ အိုဇေးလ်ရဲ့အေးဂျင့် အာကတ်ဆိုဂတ်က သူ့ကစားသမားဟာ အာဆင်နယ်မှာပဲ ရာသီကုန်အထိ ဆက်နေဖို့ ဆန္ဒရှိနေတယ်လို့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။

အာတီတာက သူ့အနေနဲ့ အိုဇေးလ် ဆက်ရှိ၊ မရှိကို အတိအကျမပြောနိုင်သေးပေမယ့် လာမယ့်ရက်ပိုင်းအတွင်း အဖြေတစ်ခုရရှိလိမ့်မယ်လို့ ပြောဆိုခဲ့တာပါ။

အာတီတာက” လာမယ့်ရက်ပိုင်းအတွင်း သူ့အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆုံးဖြတ်ကြပါလိမ့်မယ်။ ဘယ်လိုဖြစ်လာမလဲတော့ မသိသေးပါဘူး။

သေချာတာကတော့ အခုအချိန်မှာ သူ့အနေနဲ့ ကလပ်တွေကို ကြိုတင်ဆွေးနွေးထားလို့ရပါပြီ။ ကျွန်တော်တို့ကတော့ သူ့အတွက်အကောင်းဆုံးဖြစ်မယ့်အဖြေကိုပဲ ဆုံးဖြတ်သွားကြမှာပါ” လို့ ဆိုခဲ့တယ်။

ဒီအပြောင်းအရွှေ့ကာလမှာ အိုဇေးလ်ကိုခေါ်ယူလိုတဲ့ ကလပ်တွေရှိနေပေမယ့် သူ့ရဲ့လက်ရှိလစာဖြစ်တဲ့ တစ်ပတ်ပေါင် ၃၅၀,၀၀၀ က အဟန့်အတားဖြစ်နေပါတယ်။

Ref: Irishtimes

Be the first to comment

Leave a Reply

Your email address will not be published.


*