
အက်စတွန်ဗီလာကလပ်အတွင်း ကိုဗစ်ပိုးကူးစက်မှုမြင့်ခဲ့တာကြောင့် လာမယ့် FA ပွဲစဉ်မှာ လီဗာပူးအသင်းကို u 23 အောက် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ဗီလာဟာ ကိုဗစ်ကူးစက်ခံရသူ အများအနည်းပေါ်မူတည် U23 အောက်အသင်းနဲ့ အကယ်သမီထွက် ကစားသမားအချို့နဲ့ လီဗာပူးကို ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
အသင်းကြီးနည်းပြ စမစ်နေရာကို U23 နည်း မက်ဒလိန်းနီက ကိုင်တွယ်သွားရမှာ ဖြစ်ပါတယ်။
ဗီလာဟာ ကလပ်အတွင်း သိသိသာသာ ကိုဗစ်ကူးစက်လာတာကြောင့် ကြာသပတေးနေ့က လေ့ကျင်းကွင်းကို ပိတ်ခဲ့ရပါတယ်။
စီနီယာကစားသမားတွေနဲ့ ကလပ်တာဝန်ရှိသူအချို့ ကိုဗစ်စစ်ဆေးရာမှာ positive ထွက်ခဲ့တာကြောင့် သီးခြားခွဲနေရပြီး ကုသသွားမှာဖြစ်ပါတယ်။
အဲ့ဒါကြောင့် အသင်းကြီးကစားသမားတွေဟာ လီဗာပူးနဲ့ မကစားခင် လေ့ကျင့်ရေးဆင်းဖို့ ပျက်ပယ်သွားခဲ့ရပါတယ်။ ရာသီအစတုန်းက လီဗာပူးဟာ ဗီလာ အိမ်ကွင်းမှာ (၇-၂) နဲ့ ဂိုးပြတ်ရှုံးနိမ့်ဖူးပါတယ်။
ကလော့ပ်က “ကိုဗစ်ကူးစက်မှုနဲ့ ပတ်သက်ပြီး ကျွန်တာ့်တို့အသင်းမှာတော့ ၁၀၀ ရာခိုင်နှုန်းအဆင်ပြေပါတယ်။ ဒါကလည်း မနေ့ကစစ်ထားတဲ့ရလဒ်ပေါ့။ အခုချိန်အထိတာ့ ဘယ်သူမှမကူးစက်ခံထားရပါဘူး။” လို့ပြောသွားပါတယ်။
Ref : goal.com
Leave a Reply