
ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်အသင်းဟာ လာမယ့်စနေညမှာ FA ဖလားတတိယအဆင့်ပွဲစဉ်အဖြစ် လိဂ်-၁ကလပ် ရှရူးဘူရီအသင်းနဲ့ ကစားရမှာဖြစ်ပေမယ့် ပြိုင်ဘက်အသင်းရဲ့ ကိုဗစ် ပြဿနကြောင့် ရွှေ့ဆိုင်းလိုက်ရပါတယ်။
လိဂ်-၁ကလပ်ရှရူးဘူရီအသင်းဟာ အသင်းမှာ ကိုဗစ် positive ၁၀ဦးတွေ့ရှိခဲ့ပြီးနောက် ဆောက်သမ်တန်နဲ့ကစားမယ့် FAဖလားပွဲစဉ်အတွက် ကစားသမားအလုံအလောက်မရှိတော့လို့ ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာပါ။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)ကလည်း ရှရူးဘူရီအသင်းရဲ့အခြေအနေကို ပြိုင်ပွဲရဲ့ဆေးဘက်ဆိုင်ရာတာဝန်ခံတွေနဲ့ဆွေးနွေးခဲ့သလို ဗြိတိန်အစိုးရရဲ့ကိုဗစ်ထိန်းချုပ်ရေးစည်းမျဉ်းတွေအရ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
FA က” ရှရူးဘူရီအသင်းဟာ သူတို့မှာ ကိုဗစ်positive အများအပြားတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူနဲ့ ထိတွေ့လို့ သီးခြားစောင့်ကြည့်ရမယ့် သူတွေရှိလာတာကြောင့် ဆောက်သမ်တန်နဲ့ပွဲအတွက် ကစားသမား မလုံလောက်တော့ကြောင်း၊ ရှရူးဘူရီဟာ သူတို့အသင်းရဲ့အခြေအနေကို အချက်အလက်တွေနဲ့အတူပေးပို့ခဲ့ပြီး ပြိုင်ပွဲရဲ့ကိုဗစ်တာဝန်ခံက ထောက်ခံချက်ပေးတဲ့စာရွက်စာတမ်းများ ပါဝင်ကြောင်း၊ ယင်းအခြေအနေကြောင့် ပွဲရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပြီး လာမယ့်ရက်သတ္တပတ်မှာ ပြန်ကစားမယ့်ရက်ကို အတည်ပြုသွားမှာဖြစ်ကြောင်း” ထုတ်ပြန်ခဲ့ပါတယ်။
ဒီတစ်ပတ်မှာကစားမယ့် FAဖလားပွဲစဉ်တွေမှာ ပြိုင်ပွဲဝင်အသင်းတွေ ကိုဗစ်positive တွေ့ရှိမှုကြောင့် ဆောက်သမ်တန် – ရှရူးဘူရီပွဲလိုပဲ ပွဲစဉ်တချို့ ထပ်မံရွှေ့ဆိုင်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။
Ref:Daily Mail
Leave a Reply