
ဗုဒ္ဓဟူးနေ့က ဘီလ်ဘာအိုကို (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဥ်မှာ မက်ဆီနဲ့ ပက်ဒရီတို့ရဲ့ နှစ်ယောက်ပေါင်း ခြေစွမ်းပြခဲ့တာကြောင့် နည်းပြရော်နယ်လ်ကိုးမန်းတစ်ယောက် ပီတိဖြစ်နေပါတယ်။
ဘီလ်ဘာအိုရဲ့ နည်းပြအသစ်အဖြစ် မာစီလီနိုရဲ့ပထမဦးဆုံးပွဲဖြစ်ပြီး အဖွင့်ဂိုးကို ပွဲအစ ၃ မိနစ်မှာ အသင်းအတွက် အန်ကီဝီလီယံက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဘာစီလိုနာရဲ့ ကစားသမားတွေဖြစ်တဲ့ ပက်ဒရီနဲ့ မက်ဆီတို့ရဲ့ အတွဲညီညီစွမ်းဆောင်ခဲ့မှုတွေနဲ့ ၃ ဂိုး ပြန်သွင်းယူနိုင်ခဲ့ပြီး ဘီလ်ဘာအိုအတွက် ဒုတိယမြောက်သွင်းဂိုးကတော့ မိနစ် ၉၀ မှာသာ ရရှိခဲ့ပါတယ်။
မက်ဆီဟာ အဲ့ဒီပွဲစဥ်မှာ ၂ ဂိုးသွင်းယူပြီး တစ်ပွဲသာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပေမယ့်လည်း ရော်နယ်လ်ကိုးမန်းကတော့ ၉၀ ရာခိုင်နှုန်း ပေးပို့မှုအောင်မြင်ခဲ့တဲ့ ပက်ဒရီရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ချီးကျူးမှုလုပ်သွားခဲ့ပါတယ်။
အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ပက်ဒရီဟာ အသင်းအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့သလို မက်ဆီအတွက်လည်း ဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
နည်းပြကိုးမန်းက “ပက်ဒရီဟာ ငယ်ရွယ်ပေမယ့်လည်း သူ့ရဲ့ရင့်ကျက်မှုကို ပြသသွားပါတယ်။ မက်ဆီကတော့ အမြဲတမ်းသူ့ရဲ့ စိတ်အားထက်သန်မှုတွေအပြင် သွင်းဂိုး ၂ ဂိုး ပါ ရခဲ့တယ်။ ဒါက အရမ်းကို အရေးကြီးပါတယ်။”လို့ ပြောသွားပါတယ်။
“ပွဲရလဒ်နဲ့ပတ်သက်ပြီး ကျွန်တော်စိတ်ကျေနပ်ပါတယ်။ ပြီးတော့ ဘယ်လိုစွမ်းဆောင်ခဲ့လည်း ဆိုတာရောပေါ့။ ကျွန်တော်တို့ နိုင်ပွဲအတွက်ထိုက်တန်ခဲ့ပါတယ်။” လို့ ထပ်ပြောသွားပါတယ်။
ကိုးမန်းဟာ ဘာစီလိုနာနည်းပြသက်တမ်းမှာ ပထမဆုံး အဝေးကွင်း ၃ ပွဲဆက် နိုင်ပွဲကို ရယူနိုင်ခဲ့ပြီး ဇယားမှာ အဆင့် ၃ နေရာ ပြန်တက်ရောက်နိုင်ခဲ့ပါတယ်။
Ref: goal.com
Leave a Reply