ကရာဘောင်းဟာ ချန်ပီယံလိဂ်မဟုတ်ပေမယ့် ၄ ကြိမ်ဆက် ဖိုင်နယ်တက်နိုင်ခဲ့လို့ ဂုဏ်ယူမိကြောင်း ဂွါဒီယိုလာ ပြောကြား

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ကရာဘောင်းဖလားပြိုင်ပွဲဟာ ချန်ပီယံလိဂ်မဟုတ်ပေမယ့်လည်း ၄ ကြိမ်ဆက် ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်တာကြောင့် အရေးပါတဲ့ မှတ်တမ်းတစ်ခုပါပဲလို့ ပြောသွားခဲ့ပါတယ်။

ကြာသပတေး မနက်က အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်အသင်းကို (၀-၂)နဲ့ အနိုင်ကစားခဲ့ပြီး မန်စီးတီးအသင်းအတွက်ဂိုးကိုတော့ ဂျွန်စတုန်းနဲ့ ဖာနန်ဒင်ညိုတို့က အသီးသီးသွင်းယူပေးခဲ့ကြပါတယ်။

ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ကရာဘောင်း/လိဂ်ဖလား ဖိုင်နယ်ကို ၄ ကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တဲ့ ဒုတိယအသင်းဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လီဗာပူးကတော့ ပထမအသင်းအဖြစ် ၁၉၈၁-၁၉၈၄ ခုနှစ်ကြား ရရှိခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ကရာဘောင်းဖလားပွဲ ၂၄ ပွဲမှာ ၂ ပွဲသာ ရှုံးနိမ့်ထားပြီး (၁၈ ပွဲနိုင်၊ ၄ပွဲသရေ)နဲ့ ၃ နှစ်ဆက်တိုက် ချန်ပီယံဆုရထားတာ ဖြစ်ပါတယ်။

ဂွါဒီယိုလာက “ အသင်းက စိတ်အားထက်သန်နေရင် အရမ်းကို ကောင်းမွန်တဲ့ရလဒ်တွေ စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။ ကရာဘောင်းဖလားက ချန်ပီယံလိဂ်မဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဖိုင်နယ်ကို ၄ ကြိမ်ဆက် တက်ရောက်တာတော့ အရမ်းကိုမယုံကြည်နိုင်စရာကောင်းပါတယ်။ ဒီအသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။”လို့ စကိုင်းစပို့တ်ကို ပြောသွားပါတယ်။

“ဖိုင်နယ်ပွဲစဥ်က လာမယ့် ရက်သတ္တပတ်ထဲမှာမဟုတ်ပါဘူး။ ကစားရမယ့်အချိန်ကျရင် ကျွန်တော်တို့ အကောင်းဆုံးပုံစံမှာရှိနေပါပြီ။ စပါးအသင်းက ထိပ်တန်းအသင်းဖြစ်ပေမယ့် ကျွန်တော်တို့အခု အဲ့ကြောင်းတွေ မစဥ်စားသေးပါဘူး။”လို့ ပြောသွားပါတယ်။

ကရားဘောင်းဖလားဖိုင်နယ်ပွဲစဥ်ကိုတော့ ဧပြီလမှာ စပါးအသင်းနဲ့ ဝင်ဘာလေကွင်းမှာ သွားရောက်ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Ref: goal.com

Be the first to comment

Leave a Reply

Your email address will not be published.


*