
မန်စီးတီးကို ကရားဘောင်း ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ဖိုင်နယ်တက်ဖို့ လွဲချော်ခဲ့ပါတယ်။ ရှုံးပွဲအပြီး မန်စီးတီးဟာ အင်္ဂလန်မှာ အကောင်းဆုံးအသင်းဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောသွားပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက်ကို အကောင်းဆုံးပုံစံ ပြန်ရရှိေအာင် စွမ်းဆောင်ခဲ့ပေမယ့်လည်း ဂျွန်စတုန်းနဲ့ ဖာနန်ဒင်ညိုတို့ရဲ့ သွင်းဂိုးတွေကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ မန်စီးတီးအသင်းကို ရှုံးနိမ့်သွားခဲ့ပါတယ်။
နည်းပြဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ပြန်လည်တိုးတက်လာပြီလို့ ယူဆထားပေမယ့် ယူနိုက်တက်အသင်းက ကစာကွက်ပိုင်းမှာ မြို့ခံပိုင်ဘက် မန်စီးတီးကို မယှဉ်နိုင်ခဲ့ဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။
ဆိုးလ်ရှားက ပွဲအပြီးမှာ စကိုင်းစပို့တ်ကို ” မန်စီးတီးအသင်းဟာ အရမ်းကောင်းတဲ့ဂိုးတွေ အများကြီးသွင်းနိုင်တယ်ဆိုတာ လက်ခံရမယ်” လို့ပြောသွားပါတယ်။
“ရိုးရိုးတည်ကန်ဘောကနေ ၂ ဂိုးအသွင်းခံလိုက်ရတာက တော်တော်စိတ်ပျက်စရာကောင်းပါတယ်။ အဲ့လိုအချိန်မှာ အသင်းက ကောင်းသင့်သလောက်မကောင်းခဲ့ပါဘူး။”
“ကျွန်တော်တို့ အခွင့်အရေးကြီးကြီးမားမားမရခဲ့သလို သူတို့လည်းမရခဲ့ပါဘူး။ ကစားပွဲမှာ အကောင်းဆုံးပုံစံ မပြသနိုင်ခဲ့ပါဘူး။ ဒီနေ့တော့ လုံလောက်အောင် မကောင်းခဲ့ပါဘူး” လို့ပြောသွားပါတယ်။
ယူနိုက်တက် ဆီမီးဖိုင်နယ် ပွဲစဉ်တွေမှာ ၄ ခါရှုံးနိမ့်ထားတာနဲ့ ပတ်သက်ပြီး “ဒါက စိတ်ဓာတ်ပိုင်းနဲ့မဆိုင်ပါဘူး။ ကျွန်တော်တို့ နီးစပ်လာပါပြီ။ ပြီးခဲ့တဲ့ ရာသီတုန်းက ဆီမီးဖိုင်နယ်တွေထက် အခုက ပိုပြီးတိုးတက်လာပါတယ်။ “
“တခါတလေ ဆီမီးဖိုင်နယ်မှာ ကောင်းတဲ့အသင်းနဲ့ဆုံတတ်ပြီး ကျွန်တော်တို့လည်း လုံလောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အင်္ဂလန်က အကောင်းဆုံးအသင်းနဲ့ ကစားခဲ့ရတာပါ။ ဒီနေ့တော့ လုံလောက်အောင် မကောင်းမွန်ခဲ့ပါဘူး။” လို့ ဆိုးလ်ရှားက ပြောသွားပါတယ်။
ကရာဘောင်းဖိုင်နယ်မှာ စပါးအသင်းနဲ့ မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Ref: dailymail
Leave a Reply