ဝက်စ်ဘရွန်းကနေ ထုတ်ပယ်ခံရပြီးနောက် တရုတ်စူပါလိဂ်ကလပ် ဘေဂျင်းဂူအမ်အသင်းနည်းပြ ဖြစ်လာတဲ့ ဘီလစ်

တရုတ်စူပါလိဂ်လက်ရှိချန်ပီယံ ဘေဂျင်းဂူအမ်အသင်းဟာ ဝက်စ်ဘရွန်းအသင်းကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ဘီလစ်ကို နည်းပြသစ်အဖြစ် ၂၀၂၂ နှစ်ကုန်အထိ ခန့်အပ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ခရိုအေးရှားနိုင်ငံသားနည်းပြ ဘီလစ်(၅၂နှစ်)ဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပထမဆုံးထုတ်ပယ်ခံရတဲ့ နည်းပြဖြစ်ခဲ့ပြီး ၃ပတ်အကြာမှာပဲ တရုတ်ကလပ်ရဲ့နည်းပြသစ်ဖြစ်လာခဲ့တာပါ။

တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ဝက်စ်ဘရွန်းအသင်းဟာ ဘီလစ်ကိုထုတ်ပယ်ခဲ့ပြီးနောက် ဝါရင့်နည်းပြ ဆမ်အလာဒိုက်စ်နဲ့ ခရီးဆက်နေပါတယ်။

ဘီလစ်ကတော့ ဘေဂျင်းဂူအမ်အသင်းကို ပထဆုံးအကြိမ် တရုတ်စူပါလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့နည်းပြ ဘရူနိုဂီနီစီယိုရဲ့ နေရာကို အစားဝင်ခဲ့တာပါ။ ဒါကြောင့် ဘီလစ်အနေနဲ့ လာမယ့်ရာသီမှာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ စွမ်းဆောင်ရမှာဖြစ်ပြီး ဒီပြိုင်ပွဲမှာ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ နည်းပြကန်နာဗာရိုရဲ့ ကွမ်ကျိုးအဲဗားဂရန်းဒီကိုတော့ အဓိကပြိုင်ဆိုင်ရဖို့ရှိနေပါတယ်။

ဘေဂျင်းဂူအမ်အသင်းမှာ ဗီလာရီးယဲလ်တိုက်စစ်မှူးဟောင်း ဘာကမ်ဘူ၊ ဘရာဇီးလ်ကွင်းလယ်လူ ရီနာတိုအောဂတ်စ်တိုတို့က နည်းပြသစ်ဘီလစ် အားထားရမယ့်သူတွေဖြစ်ပါလိမ့်မယ်။

၂၀၂၁ ရာသီ တရုတ်စူပါလိဂ်ပြိုင်ပွဲကို လာမယ့်နွေရာသီမှာ စတင်ကစားဖို့စီစဉ်ထားပေမယ့် ကိုဗစ်ရောဂါအခြေအနေပေါ်မူတည်ပြီး ကျင်းပသွားမယ်လို့ သိရပါတယ်။

Ref:Firstpost. com

Be the first to comment

Leave a Reply

Your email address will not be published.


*