ဒီရာသီပရီးမီးယားလိဂ်ရဲ့ ဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမားအဖြစ် ဘရူနိုဖာနန်ဒက်စ်ကိုကျော်ကာ ဟယ်ရီကိန်း ဦးဆောင်နေ

ဒီရာသီကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အသင်းရလဒ်ကောင်းဖို့ သွင်းဂိုး တွေသာမက ဂိုးဖန်တီးမှုတွေပါပြုလုပ်ပေးနေတဲ့ ကစားသမားတွေကို transfermarket ဝက်ဘ်ဆိုက်ရဲ့ အချက်အလက်တွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

လက်ရှိရာသီ ဥရောပထိပ်သီးလိဂ် ၅ခု မှာ ဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမားကတော့ ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးဖြစ်ပြီး ၁၉ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားပါတယ်။

ပရီးမီးယားလိဂ်မှာတော့ စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းက ဂိုးပါဝင်ပတ်သက်မှု ၂၁ ကြိမ်နဲ့ ဦးဆောင်နေပြီး မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ၁၈ ကြိမ်နဲ့ ဒုတိယလိုက်နေပါတယ်။

ဟယ်ရီကိန်းဟာ ဒီရာသီမှာ စပါးအသင်းအတွက် ၁၀ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ်ပေးထားပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒီရာသီမှာ ဂိုးအများဆုံး သွင်းယူပေးထားတဲ့ ဘရူနိုဖာနန်ဒက်စ်ကတော့ ပရီးမီးယားလိဂ်မှာ ၁၁ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု ၇ကြိမ်ပြုလုပ်ထားပါတယ်။

သူ့ရဲ့နောက်မှာတော့ ဟယ်ရီကိန်းရဲ့တွဲဘက် ဆွန်ဟောင်မင်က ၁၂ဂိုး၊ ဂိုးဖန်တီးမှု ၅ကြိမ်နဲ့ တတိယနေရာ ရပ်တည်နေပါတယ်။ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာနဲ့ လက်စတာအသင်းတိုက်စစ်မှူးဗာဒီ တို့ကတော့ ဂိုးပါဝင်ပတ်သက်မှုအကြိမ်အရေအတွက်ချင်း တူညီနေပြီး ၁၆ ကြိမ်စီ စွမ်းဆောင်ထားပါတယ်။

ထိပ်ဆုံး ၁၀ဦးစာရင်းမှာ ဒီရာသီခြေစွမ်းပြနေတဲ့ အက်စတွန်ဗီလာကွင်းလယ်လူ ဂရီးလစ်ရှ်၊ လိဒ်စ်ယူနိုက်တက်တိုက်စစ်မှူး ဘန်းဖို့ဒ်၊ အဲဗာတန်တိုက်စစ်မှူး ကယ်ဗဲလ်လီဝင်တို့ ပါဝင်နေပြီး Assist King လို့ သတ်မှတ်ခံထားရတဲ့ ဒီဘရိုင်းနားကတော့ အဆင့် ၁၀မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီရာသီပရီးမီးယားလိဂ်ရဲ့ ဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမား ၁၀ ဦး

၁။ ဟယ်ရီကိန်း(စပါး) – ၂၁ ( ၁၀ဂိုး၊ ဖန်တီးမှု- ၁၁ကြိမ်) ၂။ ဘရူနိုဖာနန်ဒက်စ်(မန်ချက်စတာယူနိုက်တက်) – ၁၈ (၁၁ဂိုး၊ ဖန်တီးမှု- ၇ကြိမ်) ၃။ ဆွန်ဟောင်မင် (စပါး) – ၁၇ ( ၁၂ဂိုး၊ ဖန်တီးမှု – ၅ကြိမ်) ၄။ ဆာလာ (လီဗာပူးလ်)-၁၆ (၁၃ဂိုး၊ ဖန်တီးမှု- ၃ကြိမ်) ၅။ ဗာဒီ (လက်စတာ)- ၁၆ (၁၁ဂိုး၊ ဖန်တီးမှု -၅ကြိမ်) ၆။ ဂရီးလစ်ရှ်(အက်စတွန်ဗီလာ)- ၁၄ (၅ဂိုး၊ ဖန်တီးမှု- ၉ကြိမ်) ၇။ ဘန်းဖို့ဒ်(လိဒ်စ်ယူနိုက်တက်) – ၁၃ ( ၁၀ဂိုး၊ ဖန်တီးမှု – ၃ကြိမ်) ၈။ ရက်ဖို့ဒ်(မန်ချက်စတာယူနိုက်တက်) – ၁၃ (၇ဂိုး၊ ဖန်တီးမှု- ၆ကြိမ်) ၉။ ကယ်ဗဲလ်လီဝင် (အဲဗာတန်) – ၁၂ (၁၁ဂိုး၊ ဖန်တီးမှု – ၁ ကြိမ်) ၁၀။ ဒီဘရိုင်းနား (မန်စီးတီး)- ၁၁ (၃ဂိုး၊ ဖန်တီးမှု- ၈ကြိမ်)

Ref:Givemesport. com

Be the first to comment

Leave a Reply

Your email address will not be published.


*