
အာဆင်နယ်ကစားသမား အိုဇေးလ်ဟာ တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။
အိုဇေးလ်ဟာ ၂၀၁၃ မှာ ရီးရဲလ်မက်ဒရစ်ကနေ ရောက်လာခဲ့တာဖြစ်ပြီး နည်းပြအာတီတာ လက်ထက်မှာတော့ အသင်းရဲ့ကနေ ချန်လှပ်ခံခဲ့ရပါတယ်။
ကွင်းလယ်ကစားသမား အိုဇေးလ်အတွက် ပြောင်းရွှေ့ခွင့်ပြုမနှစ်ကတည်းက ဖွင့်ထားပေမယ့် အခုအခါမှာတော့ အချိတ်အဆက်သေချာတဲ့ တူရကီပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။
ဖီနာဘာချီနဲ့ ၃ နှစ်ခွဲ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး အာဆင်နယ်က တစ်ပတ် ပေါင် ၃၅၀,၀၀၀ ပေးချေနေရတာတွေ ပြီးသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖီနာဘာချီစာချုပ်အရ အာဆင်နယ်ဟာ အိုဇေးလ်ကို ပထမ ၆ လ အထိ ပေးချေသွားရမှာဖြစ်ပါတယ်။ အိုဇေးလ်ဟာ ဒီစာချုပ်ကနေ ပေါင် ၂.၂ သန်း ရရှိသွားမှာ ဖြစ်ပါတယ်။
အာဆင်ဝင်းဂါးက အိုဇေးလ်နဲ့ ပတ်သက်ပြီး “သူကို ကိုင်တွယ်ရမခက်ပါဘူး။ သူက ထူးခြားတဲ့ စွမ်းဆောင်ရည်နဲ့ ဖန်တီးမှုတွေလုပ်နိုင်တဲ့ ကစားသမားတစ်ယောက်ပါ။ ပြီးတော့ ပျော်ရွှင်မှုတွေလည်း လိုအပ်တာပေါ့။
သူက အနုပညာသမားဖြစ်ပြီး အနည်းငယ် စိတ်ထိခိုက်လွယ်တယ်။ သူတို့တွေ အကောင်းဆုံးစွမ်းဆာင်နိုင်ဖို့ ပတ်ဝန်းကျင်နဲ့ ပံ့ပိုးမှုတွေ လိုအပ်ပါတယ်။”လို့ စကိုင်းစပို့တ်ကို ပြောသွားပါတယ်။
Ref: dailymail
Leave a Reply