အဲရစ်ဆင်ကို ပိုချက်တီနိုနဲ့ ပြန်လည်လက်တွဲနိုင်ဖို့အတွက် PSG က ခေါ်ယူဖို့ ပစ်မှတ်ထားနေ

ပိုချက်တီနိုက စပါးကစားသမားဟောင်း အဲရစ်ဆင်နဲ့ PSG အသင်းမှာ ပြန်လည်‌စုံစည်းချင်နေပါတယ်။

စပါးအသင်းကနေ ထုပယ်ခံရပြီး တစ်နှစ်အကြာမှာ PSG နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ပိုချက်တီနိုက အခုဇန်နဝါရီလ ဈေးကွက်မှာ အသင်းကို အားဖြည့်ချင်နေပါတယ်။

ပိုချက်တီနိုလက်အောက်မှာ နာမည်ရတိုးတက်လာခဲ့တဲ့ ကွင်းလယ်ကစားသမား အလီကိုလည်း PSG က အငှားခေါ်ယူဖို့ ပြောဆိုမှုတွေ လုပ်နေပါတယ်။

မော်ရင်ညိုလက်အောက်မှာ အလီက ဦးစားပေးကစားသမားမဟုတ်ပေမယ့်လည်း စပါးအသင်းက သူ့ကို အငှားချဖို့အတွက် ဝန်လေးနေပါတယ်။

အဲရစ်ဆင်ကတော့ စပါးအသင်းကနေထွက်ခွာပြီး အင်တာအသင်းမှာ တစ်နှစ်ကြာ အတော်ရုန်းကန်ခဲ့ရတာကြောင့် အသစ်ပြန်လည်စတင်ဖို့အတွက် PSG ကို ပြောင်းရွေ့လာနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ အဲရစ်ဆင်ဟာ စပါးမှာတုန်းက နည်းပြပိုချက်တီနိုနဲ့ အတွဲညီညီချန်ပီယံလိဂ် ဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

အဲရစ်ဆင်ဟာ အင်တာကို ပေါင် ၁၇ သန်းနဲ့ ပြောင်းရွေ့လာခဲ့ပြီး ဇန်နဝါရီလမှာ စာချုပ်ထပ်ချုပ်ဆိုဖို့ ငြင်းခဲ့တာကြောင့် PSG အသင်းက ခေါ်ယူသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

Ref : dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*