
စပါးအသင်းဟာ ကရာဘောင်းဖလား ဖိုင်နယ်ကို တက်ရောက်ခဲ့တာကြောင့် ၁၃ နှစ်ကြာ ဆုဖလားနဲ့ ဝေးကွာနေတဲ့အသင်းအတွက် ပိုနီးစပ်လာခဲ့ပြီဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်ကစားသမား တစ်ယောက် အနီကပ်ပြသခံခဲ့ရတာကြောင့် ၁၀ ယောက်နဲ့ စပါးကို ယှဉ်ပြိုင်ရပြီး ဆစ်ဆိုကိုနဲ့ ဆွန်တို့ရဲ့ သွင်းဂိုးတွေကြောင့် (၂-၀) နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။ မော်ရင်ညိုဟာ ဒီကရာဘောင်းဖလားကို ငါးကြိမ်မြောက်အဖြစ်ရယူနိင်ဖို့ ရည်မှန်းထားပြီး သူ့ရဲ့ အသင်းဟောင်း ယူနိုက်တက် ဒါမှမဟုတ် မန်စီးတီးနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
စပါးနောက်ဆုံးဖလားရခဲ့တုန်းက ၂၀၀၈ ခုနှစ်မှာဖြစ်ပေမယ့် ဒီကရားဘောင်းဖလားကို နည်းပြတွေထဲမှာ မော်ရင်ညိုတစ်ယောက်တည်း အများဆုံးအဖြစ် လေးကြိမ်အထိ ရယူထားပါတယ်။
မော်ရင်ညိုဟာ ဒီပြိုင်ကိုအမြဲတမ်း အလေးထားပြီး ချဲလ်ဆီးနဲ့ ၃ ကြိမ်၊ ယူနိုက်တက်နဲ့ ၁ ကြိမ်ရယူထားနိုင်ပါတယ်။ ချဲလ်ဆီးနဲ့ ယူနိုက်တက်ကို စကိုင်တွယ်စဉ်က အသင်းနဲ့ ပထမဆုံးရယူပေးနိုင်ခဲ့ပါတယ်။
အခု အခါမှာလည်း စပါးကိုကိုင်တွယ်ပြီး ပထမဆုံး ဖလားအဖြစ် ရယူသွားဖို့ ပစ်မှတ်ထားနေပါတယ်။ မော်ရင်ညိုက ” ကျွန်တော် ၂၀၀၄ ခုနှစ်တုန်းက အင်္ဂလန်ကိုရောက်လာချိန်မှာ ဒီဖလားကြောင်းကို လေ့လာခဲ့ပြီး အလေးအနက်ထား ယှဉ်ပြိုင်ခဲ့ပါတယ်။”
“ဒီအတွက် လျှို့ဝှက်ချက်ကတော့ အလေးထားဖို့ပါပဲ။ အင်္ဂလန်အသင်းတွေနဲ့ အင်္ဂလန်လိဂ်အနိမ့်တန်းတွေကို လေးစားမှုထားဖို့ပါပဲ။” လို့ပြောသွားခဲ့ပါတယ်။
Ref : dailymail
Leave a Reply