“ယူနိုက်တက် ၂ နှစ်အတွင်းရခဲ့တဲ့ ပင်နယ်တီအရေအတွက်က ကျွန်တော်တို့ ၅ နှစ်ခွဲအတွင်းမှာရတာထက် ပိုများတယ်”လို့ ကလော့ပ်ဆို

လီဗာပူးတို့ ဆောက်သမ်တန်ကို (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဥ်မှာ တိုက်စစ်မှူး မာနေးက ပင်နယ်တီရခဲ့သင့်တယ်လို့ ကလော့ပ်က ဆိုခဲ့ပေမယ့် ကွင်းလယ်ဒိုင် အန်ဒရူးမာရီနာက ငြင်းဆန်သွားပါတယ်။

အင့်ဂ်က အသင်းအတွက် ဦးဆောင်ဂိုးကို ၂ မိနစ်မပြည့်ခင်မှာ လီဗာပူးဂိုးသမား အလီဆွန်အပေါ်ကနေ ကျော်သွင်းခဲ့ပါတယ်။

မာနေးဟာ အသင်းအတွက် ချေပဂိုးပြန်ရရဖို့ ကြိုးစားခဲ့ပြီး ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ဝေါ်လ်ကာပီတာနဲ့ ဘောလုံးယှဥ်လုရာမှာ လဲကျသွားခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ဆက်ကစားဖို့ လက်ပြခဲ့ပြီး VAR လည်း  ပြန်မကြည့်ဖြစ်ခဲ့ပါဘူး။

ကလော့ပ်က “ကျွန်တော်တို့ အဲ့ဖြစ်စဥ်ကို မြင်နေရပါတယ်။ အဲ့ဒါက ပင်နယ်တီဆိုတာ ရှင်းပါတယ်။ ကျွန်တော် စတုတ္ထဒိုင်ကို ပြောခဲ့တယ်။ သူက စစ်ဆေးပြီးပါပြီ။ ပင်နယ်တီမဟုတ်ဘူးလို့ ပြောခဲ့တယ်။ သူတို့ စစ်ဆေးခဲ့တယ်ဆိုတာတော့ ၁၀၀ ရာခိုင်နှုန်းမှန်ကန်ပါတယ်။”လို့ ပြောသွားပါတယ်။

“ကျွန်တော်တို့ မနှစ်က လက်စတာနဲ့ပွဲမှာ ဒီလိုအခြေအနေမျိုး ကြုံခဲ့ဖူးပါတယ်။ လူတွေက မာနေးတစ်ယောက် အလွယ်တကူ လဲကျလွန်းတယ်လို့ ပြောကြတယ်။”

“သူသာ အလွယ်တကူ လဲကျနိုင်တယ်ဆိုရင် ပြီးခဲ့တဲ့ပွဲက ဂိုးသမားနဲ့တိုက်မိတာရော ဒီပွဲမှာပါ ပင်နယ်တီရခဲ့သင့်တယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင် မာရီနာက မာနေးအပေါ် လုပ်ခဲ့တဲ့လုပ်ကိုတော့ ကျွန်တော်အဆင်မပြေတယ်ဘူး။” လို့ပြောသွားပါတယ်။

ကလော့ပ်က ထပ်ပြီး “ကျွန်တော် ကြားထားတာတော့ ၂ နှစ်အတွင်း မန်ယူအသင်းရခဲ့တဲ့ ပင်နယ်တီအရေအတွက်က ကျွန်တော် ၅ နှစ်ခွဲ သက်တမ်းအတွင်း ရတာထက် ပိုများနေပါတယ်။ ဒီဟာက ကျွန်တော်အပစ်ပဲလားတော့ မပြောတတ်ပါဘူး။ ဒါမှမဟုတ် ဘယ်လိုလုပ် ဖြစ်နိုင်လဲပေါ့။”လို့ ပြောသွားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*