လီဗာပူးအသင်းကို အနိုင်ယူရခဲ့တာကြောင့် ဝမ်းသာမျက်ရည်ကျခဲ့တဲ့ ဟက်ဆင်ဟော့တီ

ဆောက်သမ်တန်တို့ အိမ်ကွင်းမှာ လီဗာပူးကို (၁-၀)ဂိုးနဲ့ အနိုင်ရပြီး ပွဲသိမ်းဝီစီမှုတ်လိုက်တာနဲ့  နည်းပြဟက်ဆင်ဟော့တီတစ်ယောက် ကြမ်းပြင်ပေါ် ပြိုလဲပြီး ဝမ်းသာမျက်ရည်ကျခဲ့ရပါတယ်။

ဆောက်သမ်တန်တို့ ပွဲချိန်အစ ၂ မိနစ်မှာ အင့်ဂ်ရဲ့သွင်းဂိုးကနေ ဦးဆောင်ဂိုးရခဲ့ပြီးနောက် လီဗာပူးအသင်းရဲ့တိုက်စစ်ကို ဂိုးမပေးနိုင်အောင် အကောင်းဆုံးခံစစ်နဲ့ ကစားသွားပြီး ထိုက်ထိုက်တန်တန် အနိုင်ရခဲ့ပါတယ်

ဆောက်သမ်တန်နည်းပြဟာ နိုင်ပွဲရပြီလို့ ‌သေချာတာနဲ့ ‌ကြမ်းပြင်ပေါ် ဒူးထောက်ပြီး မျက်ရည်ကျခဲ့ပါတယ်။ လီဗာပူးအသင်းနဲ့လည်း ဇယားမှာ ၄ မှတ်ကွာအထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဟက်ဆင်သော့တီက စကိုင်းစပို့တ်ကို ” ကျွန်တော် ဂျာဂင်ကလော့ပ်နဲ့ ယှဉ်ပြိုင်တိုင်း အနိုင်မရခဲ့ဖူးပါဘူး။ သူတို့အသင်းဟာ အရမ်းကို တောင့်တင်းတဲ့အသင်းဖြစ်ပေမယ့်လည်း ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာကို စတင်ယုံကြည်လာတယ်။ တစ်ခုခု ဖြစ်နိုင်တယ်ဆိုတာကိုလည်း ယုံကြည်သင့်ပါတယ်။” လို့ ပြောသွားပါတယ်။

” ကျွန်တော်တို့အသင်း ခံစစ်ကစားသွားပုံက အံ့ဩစရာပါပဲ။ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုက အနိုင်ရခြင်းရဲ့ အဓိကအကြောင်းအရင်းပဲ။ စိတ်ပိုင်းဆိုင်ရာဆို ပိုပြီးတော့ ကောင်းခဲ့တယ်။ ကျွန်တော်တို့အတွက် အကောင်းဆုံးနေ့၊ အကောင်းဆုံးညနေခင်းတစ်ခုပါပဲ။ ပြီးတော့ ရှေ့ဆက်လျှောက်လမ်းဖို့အတွက် ဒီနိုင်ပွဲက အရေးပါခဲ့တယ်။ ” လို့ပြောသွားပါတယ်။

အင့်ဂ်က နည်းပြနဲ့ပတ်သက်ပြီး ”  သူက အရမ်းကိုစိတ်အားထက်သန်တဲ့သူပါ။ အဲ့ဒါကိုမြင်ရတာ ကျွန်တော်တို့အားလုံးအတွက် တကယ်ကိုကောင်းမွန်ခဲ့ပါတယ်။ သူ့ရဲ့စိတ်အားထက်သန်မှုတွေကြောင့် ကျွန်တော်တို့ ကစားပွဲမှာ ပိုပြီးစွမ်းဆောင်နိုင်ခဲ့ပါတယ်” လို့ပြောသွားပါတယ်။

ဆောင်သမ်တန်ဟာ အခုနိုင်ပွဲကြောင့် ဇယားထိပ်က အသင်းနဲ့ ၄ မှတ်သာ ကွာဟပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*