လီဗာပူးအနေနဲ့ ဇန်နဝါရီလ စျေးကွက်မှာ ခံစစ်ကစားသမားခေါ်ယူမလားဆို သေချာမသိဘူးလို့ ကလော့ပ် ဆို

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က အသင်းမှာ ကြုံတွေ့နေရတဲ့ ဒဏ်ရာပြဿနာအပေါ် ကလပ်က အခုစျေးကွက်မှာ ကလပ်က ဗဟိုခံစစ်ကစားသမားအသစ် ခေါ်ယူမလားဆိုတာ မသိပါဘူးလို့ ပြောသွားပါတယ်။

လီဗာပူးရဲ့ အဓိက ခံစစ်ကစားသမား သုံးယောက်ဖြစ်တဲ့ ဒူးဒဏ်ရာရနေတဲ့ ဗန်ဒိုက်၊ ဂျိုဂိုးမက်ဇ်နဲ့ ပေါင်ခြံဒဏ်ရာရနေတဲ့ ဂျိုးမာတစ်တို့ ဒဏ်ရာကိုယ်စီနဲ့ အသင်းအတွက် ပါဝင်ကစားဖို့မဖြစ်နိုင်သေးပါဘူး။

ဂျာဂင်ကလော့ပ်ဟာ ကွင်းလယ်ကစားသမား ဖာဘင်ဟိုကို ခံစစ်ဆင်းကစားစေပြီး အတွေ့အကြုံမရှိသေးတဲ့ လူငယ်ကစားသမား ရွိုင်းဝီလီယံ (၁၉)နှစ်နဲ့ ပရီးမီးယားလိဂ် ၃ ပွဲသာ ကစားရသေးတဲ့ ဖီးလ်လစ်တို့ကို တွဲဖက်ကစားစေခဲ့ပါတယ်။

လီဗာပူးကစားသမားဟောင်း ကာရေဂါကလည်း လီဗာပူးအသင်းအနေနဲ့ စျေးကွက်ထဲမှာ ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပေမယ့် ကလပ်အသင်းက ဇန်နဝါရီလအတွက် ကစားသမားခေါ်ယူသွားဖို့ အစီအစဥ်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ လိုင်လီနောက်ခံကစားသမား ဆယ်ဗန် ဘော့မန်းနဲ့ သတင်းတွေထွက်နေပေမယ့်လည်း ပျက်ပြယ်သွားခဲ့ပါတယ်။

ကလော့ပ်က “ခံစစ်ပြဿနာအတွက် ကျွန်တော်တို့ ဖြေရှင်းနိုင်ပါတယ်။ ဒါပေမယ့် ဒဏ်တွေနဲ့ပဲ ထပ်လုံးပန်းနေပြန်တယ်။ အဓိက ခံစစ်ပိုင်းမှာပေါ့။ တစ်ခါစဖြစ်တာနဲ့ တောက်လျှောက်ဖြစ်တော့တာပဲ။” လို့ပြောသွားပါတယ်။

“ကျွန်တော်တို့ စျေးကွက်မှာတစ်ခုခုလုပ်နိုင်မယ်ဆိုရင် ဖြေရှင်းဖို့အတွက်နည်းလမ်းတစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော် ဘာမှမသိရပါဘူး။ အဲ့လိုမျိုးဖြစ်နေတာပေါ့။” လို့ ထပ်ပြောသွားပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ် ၁၇ ပွဲမြောက်ပွဲစဥ်ကို ဆောက်သမ်တန်နဲ့ အဝေးကွင်းမှာ သွားရောက်ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Ref: Goal.com

Be the first to comment

Leave a Reply

Your email address will not be published.


*