
ရော်နယ်ဒိုဟာ တနင်္ဂနွေညက အူဒီးနီးစ်အသင်းကို (၄-၁)ဂိုး နဲ့ အနိုင်ရသွားတဲ့ပွဲစဥ်မှာ ဂျူဗင်တပ်အသင်းအတွက် ၂ ဂိုးသွင်းယူခဲ့ပြီးတဲ့နောက်မှာ အမြဲတမ်းဂိုးသွင်းအများဆုံးသူတွေထဲက ပီလီကို ကျော်သွားပြီး ဒုတိယအများဆုံးသူ အဖြစ်ရပ်တည်နေပါတယ်။
ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ကစားသမားဘဝတစ်လျှောက် သွင်းဂိုး (၇၅၇)နဲ့ (၇၅၈)ဂိုးမြောက်တို့ကို သွင်းယူနိုင်ခဲ့ပြီး ဂျူဗင်တပ်အသင်းကလည်း အဆင့် ၅ နေရာကို ရောက်သွားပါတယ်။
ပီလီဟာ သူ့ကစားသမားဘဝသက်တမ်းတစ်လျှောက် ဆန်းတို့စ်၊ နယူးယောက်ကိုးစ်မို့စ်နဲ့ ဘရာဇီးအသင်းအတွက် ၁၉၅၆ ကနေ ၁၉၇၇ အထိ (၇၅၇) ဂိုးအထိ သွင်းယူထားနိုင်ပေမယ့် ရော်နယ်ဒိုက (၇၅၈)ဂိုးနဲ့ ဒုတိယနေရာ ရပ်တည်နေပြီး ဂျိုးဆက်ဖ် ဘီကမ်က (၇၅၉)ဂိုးနဲ့ ပထမနေရာမှာ ရပ်တည်နေပါတယ်။
ရော်နယ်ဒိုဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ အေစီမီလန်နဲ့တွေ့ဆုံရမှာဖြစ်ပြီး အဲ့ဒီပွဲစဥ်မှာ ကစားသမားဘဝ ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နိုင်မယ့်အခွင့်အရေးရှိနေပါတယ်။
ဂျူဗင်တပ်အသင်းဟာ တစ်ပွဲလျော့နဲ့ ဇယားထိပ်က အေစီမီလန်နဲ့ ၁၀ မှတ်ကွာဟနေပြီး အဲ့ဒီပွဲစဥ်မှာ အနိုင် ၃ မှတ်ရယူခဲ့နိုင်ရင်တော့ ဇယားထိပ် ချန်ပီယံလိမ်းကြောင်းထဲ ပြန်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၀၂ စပို့တင်းလစ္စဘွန်းကလပ်ကစပြီး မန်ယူ၊ ရီးရဲလ်နဲ့ ဂျူဗင်ကလပ်အသင်းတွေအတွက် ၆၅၆ ဂိုး အထိ သွင်းယူထားပြီး ရီးရဲလ်နဲ့အများဆုံးကလပ်သွင်းဂိုးကို သွင်းယူထားနိုင်ပါတယ်။
အသက် ၃၅ နှစ် အရွယ် ရော်နယ်ဒိုဟာ ရီးရဲလ်မှာ ၄၃၈ပွဲကစားရာမှာ ဂိုး (၄၅၀)အထိ သွင်းယူထားနိုင်ပြီး နိုင်ငံလက်ရွေးစင်ပေါ်တူဂီအသင်းအတွက် ၁၂၀ ပွဲကစားပြီး ၁၀၂ ဂိုးသွင်းယူထားနိုင်ပါတယ်။
မက်ဆီဟာ ကစားသမားဘဝတစ်လျှောက်သွင်းဂိုးကို ရော်နယ်ဒိုနောက် ရပ်တည်နေပြီး ကလပ်နဲ့ နိုင်ငံလက်ရွေးစင်အသင်းအတွက် ၇၄၂ ဂိုးအထိ သွင်းယူထားနိုင်ပြီး ရော်နယ်ဒိုထက် ပွဲ ၂၀၀ လျော့ကစားထားပါတယ်။
ရော်နယ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် အများဆုံးဂိုးသွင်းယူထားတဲ့ ချက်နိုင်ငံသား ဂျိုးဆက်ဖ် ဘီကမ်ကိုမီဖို့ တစ်ဂိုးသာလိုပါတော့တယ်။
Ref: dailymail
Leave a Reply