ချဲလ်ဆီးနည်းပြနေရာအတွက် စိုးရိမ်စရာဖြစ်လာတဲ့ ဖရန့်လမ်းပတ်

ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ဟာ ပရီးမီးယားလိဂ် ၆ ပွဲဆက်မှာ ၄ ပွဲ ရှုံးနိမ့်ခဲ့တာကြောင့် သူ့ရဲ့ နည်းပြနေရာအတွက် စိုးရိမ်ရတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်။

တနင်္ဂနွေညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ အိမ်ကွင်းပွဲစဥ်မှာ ချဲလ်ဆီးအသင်းတို့ရဲ့ ကစားပုံဆိုးရွားမှုကြောင့် (၁-၃)ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီရှုံးပွဲမတိုင်ခင် ရှေ့မှာလည်း အဲဗာတန်၊ ဝုဗ်လ် နဲ့ အာဆင်နယ်အသင်းတို့ကို ရှုံးနိမ့်ထားတာကြောင့် အဲဗာတန်၊ အက်စတွန်ဗီလာတို့ရဲ့နောက် ဇယားရပ်တည်မှု အဆင့် ၈ နေရာအထိ ကျဆင်းသွားပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာ အသင်းပြန်တည်ဆောက်ရေးအတွက် ပေါင် ၂၅၃ သန်းအထိ အသုံးပြုထားပြီး သတင်းတွေပြောကြားချက်အရ တိုက်စစ်ပိုင်းအတွက် ခေါ်ယူထားတဲ့ တီမိုဝါနာနဲ့ ကိုင်းဟာဗက်ဇ်တို့ရဲ့ ကစားပုံရုန်းကန်နေရတဲ့အပေါ် စိတ်ပူပန်နေရတယ်လို့ သိရပါတယ်။

လိုက်ဇစ်ကစားသမားဟောင်း ဝါနာဟာ ပရီးမီးယားလိဂ် ၉ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေပေမယ့်လည်း ပြီးခဲ့တဲ့ရာသီ ဂျာမန်ကလပ်လိုက်ဇစ်အသင်းမှာတုန်းကတော့ ၃၄ ပွဲမှာ ၂၈ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ လေဗာကူဆင်အသင်းကနေ ပေါင် ၈၉ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဟာဗက်ဇ်လည်း ချဲလ်ဆီးနဲ့ကစားတဲ့ ၂ ပွဲမှာသာ ဂိုးသွင်းယူထားနိုင်ပါတယ်။

အသစ်ခေါ်ယူတဲ့ထဲက ဇီယက်နဲ့ ချီဝဲလ်တို့ကတော့ ခြေစွမ်းတချို့ပြသနိုင်ခဲ့ပေမယ့်လည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပါတယ်။ တီယာဂိုဆေးလ်ဗားနဲ့ မန်ဒီတို့ရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်က အခုရှုံးပွဲတွေက ပြသနေပါတယ်။

The Athletic သတင်းအရ ချဲလ်ဆီးဟာ လမ်းပတ်ရဲ့ စွမ်းဆောင်ပုံနဲ့ပတ်သက်ပြီး နည်းပြနေရာအတွက် ရွေးချယ်လို့ရမယ့်သူတွေ ရှာဖွေနေတယ်လို့ သိရပါတယ်။

လမ်းပတ်က “ကျွန်တော့်အထက်ကလူတွေကို စကားသွားပြောလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်တော့မှ လုပ်နိုင်မှာလဲမဟုတ်လို့ပါ။ ဒါကြောင့် စာချုပ်သစ်ကိစ္စအပေါ် ကျွန်တော် အဖြေမပေးနိုင်ခဲ့တာပါ။ သူတို့တွေ အခုရလဒ်နဲ့ ပတ်သက်ပြီး ဘာတွေစဥ်းစားနေလဲဆိုတာ ကျွန်တော်မဖြေနိုင်ပါဘူး။”လို့ ပြောသွားပါတယ်။

“ကျွန်တော့်အလုပ်က သူတို့ဘာစဥ်စားနေလဲဆိုတာထက် အလုပ်အပေါ်အာရုံစိုက်ဖို့ပါ။ အဲ့ဒါတွေက ကျွန်တော့်ကို အာရုံထွေပြားစေပါတယ်။” လို့ ပြောသွားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*