အင်တာမီလန်အတွက် စီးရီးအေပွဲ ၅၀ပြည့်မှာ ဂိုးသွင်းယူပြီး မှတ်တမ်းကောင်းတစ်ခု စိုက်ထူနိုင်ခဲ့တဲ့ လူကာကူ

အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူ ဟာ ခရိုတုန်းအသင်းကို ၆-၂ ဂိုးနဲ့အနိုင်ရတဲ့ ပွဲစဉ်မှာ အသင်းအတွက် စီးရီးအေပွဲ ၅၀ ပြည့် မြောက်ခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ လူကာကူဟာ အင်တာမီလန်အသင်းအတွက် စတုတ္ထမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး စီးရီးအေသွင်းဂိုး ၃၅ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါဟာ စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် (အနိုင်ရပါက ၃မှတ်ပေးတဲ့စနစ်ကျင့်သုံးချိန်ကစပြီး) ပထမဆုံးပွဲ ၅၀ ကစားပြီး ဂိုးအများ ဆုံးသွင်းယူနိုင်တဲ့ကစားသမားစာရင်းမှာ အဆင့် ၅ နေရာရပ်တည်နိုင်ခဲ့ပါတယ်။

လက်ရှိဂျူဗင်တပ်အသင်းတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုဟာ စီးရီးအေပွဲ ၅၀ ကစားခဲ့ရာမှာ ဂိုး(၄၀) အထိ သွင်းယူခဲ့ကာ ဂိုးအများသွင်း သူအဖြစ်ရပ်တည်နေပါတယ်။

သူ့နောက်မှာတော့ ကစားသမားဟောင်းတွေဖြစ်တဲ့ ရိုနယ်လ်ဒို(အင်တာမီလန်-၃၈ဂိုး)၊ ရှက်ဗ်ချင်ကို (အေစီမီလန် – ၃၇ဂိုး)၊ မီလီတို(အင်တာမီလန် – ၃၇ဂိုး)နဲ့ မွန်တဲလား(ရိုးမား – ၃၆ဂိုး)တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။

ဒီပွဲစဉ်မှာ အင်တာမီလန်အသင်းတိုက်စစ်မှူး လော့တာရိုမာတီနက်ဇ်ကလည်း အသင်းအတွက် သူ့ရဲ့ပထမဆုံးဟက်ထရစ်ကို သွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Ref: Football Italia

Be the first to comment

Leave a Reply

Your email address will not be published.


*