
ဂျူဗင်တပ်စ်အသင်းတိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုဟာ သူ့ရဲ့လူမှုကွန်ရက်အကောင့်တစ်ခုဖြစ်တဲ့ အင်စတာဂရမ်မှာ followers အရေအတွက် သန်း ၂၅၀ ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုဟာ အင်စတာဂရမ်အသုံးပြုနေတဲ့သူတွေအားလုံးထဲမှာ followers အများဆုံး ပိုင်ဆိုင်ထားတာဖြစ်သလို ပရီးမီးယားလိဂ်ကလပ်တွေအားလုံးပေါင်းထက် သန်း ၉၀လောက် ပိုများနေတာလည်း ဖြစ်ပါတယ်။
မန်ယူ၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီး၊ အာဆင်နယ်၊ စပါးစတဲ့ ထိပ်သီးအသင်းတွေအပါအဝင် ဒီရာသီ ပရီးမီးယားလိဂ်ကလပ်အသင်း ၂၀ ရဲ့ အင်စတာဂရမ် followers စုစုပေါင်းမှာ ၁၅၉သန်း သာ ရှိပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေထဲမှာတော့ မန်ယူအသင်းက followers အများဆုံးပိုင်ဆိုင်ထားပြီး ၃၈သန်း ကျော်ရှိသလို လီဗာပူးလ်(၂၉သန်း) ၊ ချယ်လ်ဆီး(၂၄သန်း)၊ မန်စီးတီး(၂၁သန်း)၊ အာဆင်နယ်(၁၈သန်း)နဲ့ စပါး (၉သန်း)တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။
ဒီလိုများပြားလွန်းတဲ့ followers အရေအတွက် ပိုင်ဆိုင်ထားတဲ့ စီရော်နယ်လ်ဒိုဟာ အင်စတာဂရမ်မှာ post တစ်ခုတင်တိုင်း ဒေါ်လာ ၈၈၉,၀၀၀ အထိ ဝင်ငွေရရှိနေတာဖြစ်ပြီး အားကစားသမားတွေထဲမှာတော့ အများဆုံးရရှိနေတာဖြစ်ပါတယ်။
သူ့နောက်မှာ PSG စတား နေမာက post တစ်ခုအတွက် ဒေါ်လာ ၇၀၄,၀၀၀ ရရှိနေပြီး ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီကတော့ ဒေါ်လာ ၆၉၅,၀၀၀ နဲ့ တတိယလိုက် နေပါတယ်။
အင်စတာဂရမ်မှာ စီရော်နယ်လ်ဒိုထက် post တစ်ခုတင်တိုင်း ဝင်ငွေပိုရတဲ့သူ ၂ဦးသာရှိပြီး The Rock လို့ လူသိများတဲ့ ဟောလိဝုဒ်မင်း သား Dwayne Johnson (ဒေါ်လာ ၁သန်း)နဲ့ အမေရိကန်နာမည်ကျော် ဒီဇိုင်နာ/မော်ဒယ်လ် Kylie Jenner (ဒေါ်လာ ၉၈၆,၀၀၀) တို့ပါ။
စီရော်နယ်လ်ဒိုဟာ Nike၊ KFC၊ Clear and Tag Heuer စတဲ့ နာမည်ကြီး Brand များစွာနဲ့ စပွန်ဆာ စာချုပ်ချုပ်ဆိုထားပြီး ဒေါ်လာ ၄၆၆ သန်း ဝန်းကျင် ကြွယ်ဝချမ်းသာတယ်လို့ သိရပါတယ်။
Ref: Fobes/B/R football
Leave a Reply