ဒိုင်ဘားလားကို အသင်းနဲ့ စာချုပ်ထပ်မတိုးချင်ရင် ထွက်ခွာခွင့်မှာဖြစ်ကြောင်း ဂျူဗင်တပ်အသင်း ဆို

ဂျူဗင်အသင်းတိုက်စစ်မှူး ဒိုင်ဘားလားကို စာချုပ်သက်တမ်းထပ်မတိုးချင်ပါက ထွက်ခွာခွင့်ပြုမယ်လို့ ကလပ်အသင်းက ထုတ်ပြန်လိုက်ပါတယ်။

ယခုအချိန်မှာ တစ်နှစ်လုပ်ခလစာ ပေါင် ၆.၂ သန်းရနေတဲ့ ဒိုင်ဘားလားဟာ လာမယ့် ၂၀၂၂ ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းကလည်းကို စာချုပ်သက်တမ်းတိုးဖို့အတွက် ပြင်ဆင်နေပါတယ်။

ဂျူဗင်တပ်အသင်းဟာ ၂၀၁၉ နွေရာသီအပြောင်းအရွှေ့တုန်းက တစ်ခါ ကမ်းလှမ်းခဲ့ဖူးပြီး ဒိုင်ဘားလားက ငြင်းပယ်ခဲ့ဖူးတာကြောင့် သူ့ရဲ့အနာဂတ်က စီးရီးအေမှာ ဆက်ရှိနိုင်မလားဆိုတာ မသေချာသေးပါဘူး။

ဂျူဗင်က ဒိုင်ဘားလားကို နောက်ထပ် ပေါင် ၁.၉ သန်း တိုးပေးပြီး စာချုပ်ချုပ်ဆိုမယ်လို့ သိရပြီး သူရရှိမယ့် လုပ်ခလစာက ဒီလစ်နဲ့အတူ အသင်းမှာ ဒုတိယအများဆုံး လစာဖြစ်သွားမှာပါ။ ဂျူဗင်အသင်းမှာ  ပထမအများဆုံး လစားရတဲ့သူကတော့ စီရော်နယ်ဒိုဖြစ်ပြီး တစ်နှစ်ကို ပေါင် ၂၈ သန်း အထိ ရထားပါတယ်။

အီတလီသတင်းဌာနအရ ဒိုင်ဘားလားနဲ့သူ့ရဲ့ ကိုယ်စားလှယ်တို့ကို ဒီလအတွင်းမှာ ဂျူဗင်တို့ သူ့အနာဂတ်အတွက် ဒီရာသီမကုန်ခင်မှာ ထွက်မလား အသင်းမှာဆက်ရှိမလားဆိုတာကို တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ဒိုင်ဘားလားဟာ ၂၀၁၅ မှာ ပါလာမိုအသင်းကနေ ပေါင် သန်း ၄၀ နဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး ဂျူဗင်အသင်းအတွက် ပွဲပေါင်း ၂၄၀ ကစားပေးထားရာမှာ ၉၇ ဂိုး သွင်းယူပေးထားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*