
ဘာစီလိုနာအသင်းကွင်းလယ်ကစားသမား ကော်တင်ညိုဟာ ဒူးဒဏ်ရာခွဲစိတ်မှုအောင်မြင်ခဲ့ပြီးနောက် ၃လခန့် အနားယူရမယ်လို့ အသင်းဝက်ဘ်ဆိုက်ကနေ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ညိုဟာ ဒီဇင်ဘာ ၂၉ရက်က ကစားခဲ့တဲ့ ဘာစီလိုနာ (၁-၁) အီဘာပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အသင်းဆရာဝန်တွေရဲ့ အဆိုပြုချက်အရ ခွဲစိတ်မှု ခံယူခဲ့တာဖြစ်ပါတယ်။
ကော်တင်ညိုဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းမှာ အငှါးသွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အပြီးသတ်ခေါ်ယူခဲ့ခြင်းမရှိလို့ ဘာစီလိုနာအသင်းဆီ ပြန်ရောက်လာခဲ့တာပါ။
လက်ရှိမှာတော့ ကော်တင်ညိုအနေနဲ့ ဘာစီလိုနာအသင်းရဲ့ဒဏ်ရာရကစားသမားစာရင်းမှာ ပီကေး၊ ဆာဂျီရောဘတ်တို၊ အန်ဆူဖာတီတို့နဲ့အတူ ပါဝင်လာခဲ့ပြီး ဧပြီလမှ ပြန်လည်ကစားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီရာသီမှာရလဒ်ဆိုးရွား နေပြီး လာလီဂါ ၁၅ပွဲကစားပြီးချိန်မှာ ရမှတ် ၂၅မှတ်နဲ့ အဆင့် ၆ နေရာရပ်တည်နေ ပါတယ်။ ဒါ့အပြင် ထိပ်ဆုံးက တစ်ပွဲလျော့ကစားထားတဲ့ အက်သလက်တီကိုအသင်းနဲ့လည်း ၁၀မှတ်အထိကွာဟလျက်ရှိပါတယ်။
Ref: Sky Sports
Leave a Reply