
ရာသီအစ PSG အသင်းကို ကိုင်တွယ်ရာမှာ အခက်အခဲတွေရှိခဲ့တာကြောင့် သောမတ်တူချယ်ကို ထုတ်ပယ်လိုက်ပြီး ပိုချက်တီနိုကို နည်းပြအသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။
ပိုချက်တီနိုဟာ အသင်းလက်မဲ့အဖြစ် ၁ နှစ်ကြာပြီဖြစ်ပြီး အသင်းဟောင်း စပါးကို ကိုင်တွယ်တုန်းက ချန်ပီယံလိဂ် ဖိုင်နယ်အထိ စွမ်းဆောင်ပေးခဲ့ပေမယ့် ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
PSG အသင်းနဲ့ ပိုချက်တီက စာချုပ်သက်တမ်း ၁၈ လသာ ကြာမြင့်မှာဖြစ်ပြီး ၂၀၂၂ ဇွန်လအထိသာ ဖြစ်ပါတယ်။ စာချုပ်ထဲမှာတော့ နောက်ထပ် သက်တမ်းတိုးလို့ရတယ်ဆိုလို့ ဆိုထားပါတယ်။
PSG လေ့ကျင့်ရေးကွင်းမှာ ပိုချက်တီနိုကို စနေနေ့က တွေခဲ့ရပြီး ခဏအကြာမှာ အသင်းနည်းပြအသစ်အဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။
အသင်းထုတ်ပြန်ချက်မှာတော့ ပိုချက်တီနိုက “ကျွန်တော် PSG နည်းပြသစ်ဖြစ်လာတဲ့အတွက် ပျော်ရွှင်ပြီး ဂုဏ်ယူမိပါတယ်။ ကလပ်က ကျွန်တော့်ကို ဒီနေရာအတွက် ယုံကြည်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။”လို့ ပြောသွားပါတယ်။
ဆက်လက်ပြီး “ခင်ဗျားတို့သိတဲ့အတိုင်းပဲ။ ဒီကလပ်က ကျွန်တော့်ရင်ထဲ အမြဲတမ်းရှိနေပါတယ်။ အရမ်းကို ပျော်ရွှင်ဖွယ်ကောင်းတဲ့ အမှတ်တရတွေလည်း ရှိခဲ့ပါတယ်။ အထူးသဖြင့် ဒီကလပ်ကြီးရဲ့ ထူးခြားတဲ့ ပတ်ဝန်းကျင်ပါပဲ။ ကျွန်တော် ရည်မှန်းချက်အများအပြားနဲ့ ဒီကလပ်ကို ပြန်လာခဲ့တာဖြစ်ပြီး ဒီကအရည်အသွေးရှိတဲ့ ကစားသမားတွေနဲ့ အလုပ်တွဲလုပ်ဖို့လည်း စိတ်အားထက်သန်နေပါတယ်”လို့ ပြောသွားပါတယ်။
“ဒီအသင်းမှာ ထူးခြားတဲ့ အလားအလာကောင်းတွေရှိပြီး ကျွန်တော့်နဲ့ အဖွဲ့သားတွေက PSG အသင်းအတွက် ပြိုင်ပွဲစုံမှာ အကောင်းဆုံးအောင်မြင်ဖို့ ဘာမဆို လုပ်သွားမှာပါ။ ကျွန်တော်တို့ရဲ့အသင်းအတွက် ပြင်သစ်ပရိသတ်တွေ အမြဲတမ်း ကြိုက်နှစ်သက်တဲ့ နိုင်လိုစိတ်နဲ့ တိုက်စစ်ဦးစားပေးကစားပုံတွေကို အစွမ်းစရှိသလောက် ပေးဆပ်သွားမှာပါ။” လို့ပြောသွားပါတယ်။
Ref: dailymail
Leave a Reply