ဖူလ်ဟမ်အသင်းတွင်း ကိုဗစ် positive တိုးလာခြင်းကြာင့် ဘန်လေ – ဖူလ်ဟမ် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့

ဖူလ်ဟမ်အသင်းဟာ နောက်ဆုံး ကိုဗစ်စစ်ဆေးခဲ့မှုရလဒ်အရ အသင်းတွင်း positive အရေအတွက် တိုးလာတာကြောင့် စနေနေ့ညနေ ၆း၃၀ မှာကစားမယ့် ဘန်လေ-ဖူလ်ဟမ်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့တယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းဟာ အသင်းတွင်းကိုဗစ် positive တိုးလာမှုအပေါ် စိုးရိမ်လျက်ရှိပြီး ကြားရက်ကလည်း စပါးအသင်းနဲ့ပွဲစဉ်ကို ပွဲချိန်နီးမှ ရွှေ့ဆိုင်းခဲ့ပါတယ်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကတော့ ဖူလ်ဟမ်အသင်းဟာ အသင်းတွင်း ကိုဗစ်ပြန့်ပွားနေမှုကြောင့် ဘန်လေနဲ့ပွဲစဉ်ကို ရွှေ့ဆိုင်းဖို့ တောင်းဆိုလာခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က “ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေရဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး လိဂ်နဲ့ဖူလ်ဟမ်အသင်းဟာ ကိုဗစ်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့နဲ့ ဘေးကင်းလုံခြုံစွာ ပွဲတွေပြန်ကစားနိုင်ဖို့အတွက် သဘောတူခဲ့ကြကြောင်း၊ ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေဟာ ကိုဗစ်စစ်ဆေးမှုအစီအစဉ်အရ ထပ်မံစစ်ဆေးမှုပြုလုပ်ရမှာဖြစ်ကြောင်း” ထုတ် ပြန်ခဲ့ပါတယ်။

ဘန်လေ- ဖူလ်ဟမ်ပွဲစဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ကိုဗစ်ကြောင့် ရွှေ့ဆိုင်းရတဲ့ ၄ပွဲမြောက် ပရီးမီးယားလိဂ်ပွဲစဉ်လည်းဖြစ်လာပါတယ်။

အခုလို ကိုဗစ်ပြန့်ပွားနေပေမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကိုတော့ လုံးဝရပ်နားဖို့အစီအစဉ်မရှိသေးဘဲ positive အရေအတွက်နည်းပါးအောင် အစိုးရရဲ့လမ်းညွှန်ချက်တွေအတိုင်းလုပ်ဆောင်သွားမယ်လို့ လိဂ်အဖွဲ့ချုပ်က ဆိုပါတယ်။

ဗြိတိန်ဟာ လက်ရှိအချိန်မှာ ကိုဗစ်ရောဂါပိုး မျိုးခွဲသစ်ဖြစ်ပွားနေပြီး တစ်နိုင်ငံလုံးမှာ ကိုဗစ် ကူးစက်ခံထားရသူ ၂.၅သန်းကျော်ရှိခဲ့ကာ သေဆုံးသူ ၇၄,၀၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

Ref: Reuters

Be the first to comment

Leave a Reply

Your email address will not be published.


*