မက်ဆီ၊ အိုဇေးလ်၊ ဒီမာရီယာ၊ ရာမို့စ်တို့အပါအဝင် အသင်းနဲ့စာချုပ်သက်တမ်း ၆လသာကျန်ရှိတော့တဲ့ နာမည်ကျော်ကစားသမားများ

ဇန်နဝါရီအပြောင်းအရွှေ့ကာလဟာ ပုံမှန်အားဖြင့် အေးတိအေးစက်ဖြစ်တတ်ပေမယ့် ရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် နာမည်ကျော် ကစားသမားတွေကြောင့် အရင်နှစ်တွေကထက် ပိုမိုလှုပ်ခတ်လာနိုင်ပါတယ်။

မက်ဆီ၊ အိုဇေးလ်၊ ဒီမာရီယာ၊ ရာမို့စ်၊ အီဘရာဟီမိုဗစ်၊ ဒီပေး စတဲ့ နာမည်ကျော်ကစားသမားတွေဟာ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံး ၆လထဲကို ရောက်ရှိနေကြတာဖြစ်ပါတယ်။ ဒါ့အပြင် ဝိုင်နယ်လ်ဒမ်း၊ ဘိုတန်း၊ အလာဘာ၊ ဖာနန်ဒင်ဟို၊ ဒွန်နာရမ်မာ စတဲ့ကစားသမား တွေဟာလည်း သက်ဆိုင်ရာ အသင်းတွေကနေ အလွတ်ထွက်ခွာဖို့အတွက် ၆လသာ အချိန်စောင့်ရတော့မှာပါ။

ဒီကစားသမားတွေထဲမှာ အိုဇေးလ်နဲ့ ဒီပေးတို့ကတော့ အသင်းပြောင်းဖို့ သေချာသလောက်ရှိနေပြီး မက်ဆီကလွဲရင် ကျန်တဲ့ကစားသမားတွေဟာလည်း အသက်အရွယ်နဲ့ ခြေစွမ်းပိုင်းအရ စာချုပ်သက်တမ်းတိုးဖို့ ဖြစ်နိုင်ခြေနည်းနေသူတွေပါ။

မက်ဆီဟာ ၁၉နှစ်ကြာကစားလာတဲ့ ဘာစီလို နာအသင်းနဲ့ ၂နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုမယ်ဆိုတဲ့ သတင်းထွက်နေပေမယ့် သူ့အသက်အရွယ်အရ ရာသီကုန်မှာ မေဂျာလိဂ်လို နေရာမျိုးကို ထွက်ခွာသွားနိုင်တဲ့သူလည်း ဖြစ်ပါတယ်။

အေစီမီလန်အသင်းဂိုးသမား ဒွန်နာရမ်မာကတော့ အသင်းရဲ့အဓိကကစားသမားဖြစ်နေပေမယ့် စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားပြီး ဒီဆောင်းရာသီ ဒါမှမဟုတ် နွေရာသီမှာ PSG အသင်းကို ရောက်သွားနိုင်ပါတယ်။

လိုင်ယွန်အသင်းတောင်ပံကစားသမား ဒီပေးကလည်း ဘာစီလိုနာအသင်းကိုပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာဖြစ်ပြီး လိုင်ယွန် အသင်းအနေနဲ့ ဒီဆောင်းရာသီမှာ ပေါင် ၄၅ သန်းလောက်နဲ့ ရောင်းချသွားဖို့ရှိနေပါတယ်။

Bleacher Report Football ဝက်ဘ်ဆိုက်က အသင်းနဲ့၆လသက်တမ်းသာကျန်တော့တဲ့ နာမည်ကြီး ကစားသမား ၁၁ဦးပါဝင်တဲ့အသင်းကို ၃-၄-၃ ပုံစံနဲ့ ရွေးချယ်လိုက်ပါတယ်။

ဂိုး- ဒွန်နာရမ်မာ နောက်တန်း- ဘိုတန်၊ ရာမို့စ်၊ အလာဘာ အလယ်တန်း- ဒီမာရီယာ၊ ဝိုင်နယ်လ်ဒမ်း၊ ဖာနန်ဒင်ညို၊ အိုဇေးလ် ရှေ့တန်း- မက်ဆီ၊ အီဘရာဟီမိုဗစ်၊ ဒီပေး တို့ဖြစ်ကြပါတယ်။

ဒီကစားသမားတွေဟာ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့နိုင်တဲ့သူတွေဖြစ်နေတာကတော့ အံ့အားသင့်စရာပါပဲ။ ဒါကြောင့် သက်ဆိုင်ရာ အသင်းတွေအနေနဲ့ ဒီဆောင်းရာသီကို အသုံးချပြီး ရတဲ့စျေးနဲ့ရောင်းမလား၊ စာချုပ်သက်တမ်းတိုးမလား၊ ရာသီကုန်မှာ အလွတ်ထွက်ခွာခွင့်ပေးမလားဆိုတာ မဖြစ်မနေဆုံးဖြတ် ရတော့မယ့်အချိန်ဖြစ်ပါတယ်။

Ref: B/R Football

Be the first to comment

Leave a Reply

Your email address will not be published.


*