
စပါးအသင်းဟာ ဇန်နဝါရီ ဈေးကွက်မှာ ကွင်းလယ်ကစားသမား အလီနဲ့ ဂိုးသမား လိုရစ် တို့ကို ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
ပိုချက်တီနို နည်းပြဖြစ်လာမယ့် PSG အသင်းဟာ စပါးအသင်းသား နှစ်ယောက်ဖြစ်တဲ့ လိုရစ်နဲ့ ပြောင်းရွှေ့ကစားချင်နေတဲ့ အလီတို့ကို စိတ်ဝင်စားနေပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမား အလီကို PSG တို့ ပစ်မှတ်ထားနေတာ ကြာပါပြီ။ ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း အငှားခေါ်ယူဖို့ ကြိုးစားရာမှာ ပျက်ပြယ်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းက PSG အသင်းဟာ အခုဇန်နဝါရီ ဈေးကွက်မှာ အလီကိုခေါ်ယူဖို့အတွက် ပြင်ဆင်နေပြီး စပါးအသင်းကလည်း သူ့ကိုထွက်ခွာဖို့ ခွင့်ပြုမယ်လို့ ယုံကြည်တယ်လို့ Sportmail က ပြောဆိုခဲ့ပါတယ်။
PSG အသင်းမှာ အာဂျင်တီးနားသား ပိုချက်တီနိုကိုင်တွယ်ရင်တော့ ခေါ်ယူဖို့ ဖြစ်နိုင်ချေများခဲ့ပေမယ့် စပါးက အလီကို အခုဈေးကွက်မှာ ထွက်ခွာခွင့်မပြုဘူးလို့ အခိုင်အမာဆိုလိုက်ပါတယ်။
The sun သတင်းအရ စပါးဟာ ပြင်သစ်ချန်ပီယံPSG က ဂိုးသမား လိုရစ်ကို ခေါ်ယူသွားမှာ စိုးရိမ်နေတယ်လို့ ဆိုထားပါတယ်။
ကမ္ဘာ့ဖလားဆုရ ပြင်သစ်သားလိုရစ်ဟာ စပါးအသင်းကို ၂၀၁၂ မှာရောက်လာခဲ့ပြီး ၃ နှစ်အကြာမှာ ပိုချက်တီနိုက အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ပါတယ်။
အခုနည်းပြသစ် မော်ရင်ညိုလက်အောက်မှာတော့ လိုရစ်ကပွဲတိုင်းကစားခွင့်ရထားပြီး ကွင်းလယ်ကစားသမား အလီကတော့ နည်းပြနဲ့အဆင်မပြေမှုတွေ ရှိနေပါတယ်။
ref : dailymail
Leave a Reply