ချန်ပီယံ ပြေးလမ်းပေါ် နောက်တစ်ဆင့်ပိုနီးစပ်လာပြီလို့ ဆိုးလ်ရှား ပြောကြား

ဆိုးလ်ရှားက မန်ယူအသင်းဟာ အမှတ်ပေးဖလား ချန်ပီယံလမ်းကြောင်းပေါ်မှာ နောက်ထက်တစ်ဆင့် ပိုနီးစပ်လာပြီလို့ ဇယားထိပ် လီဗာပူးအသင်းနဲ့ ရမှတ်တူ စွမ်းဆောင်ပြီးချိန်မှာ ပြောကြားသွားခဲ့ပါတယ်။

အန်တိုနီယို မာရှယ်က မန်ယူအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ဗီလာအတွက် ချေပဂိုးကို ဘာထရန်က သွင်းယူပေးခဲ့ပါတယ်။မန်ယူအသင်းအတွက် အနိုင်ဂိုးကိုတော့ ဘရူနိုက ပင်နယ်တီကနေ သွင်းယူပေးနိုင်ခဲ့ပြီး (၂-၁)ဂိုးနဲ့ ပွဲပြီးခဲ့ပါတယ်။

ဆိုးလ်ရှားက ယခုရောက်နေတဲ့ ‌ဇယားရပ်တည်မှုနေရာအတွက် အပျော်လွန်နေမှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ ပြီးခဲ့တဲ့ ၁၂ လတာ ကာလအတွင်း အလွန်တိုးတက်လာတဲ့ အသင်းခြေစွမ်းကြောင့် ချန်ပီယံပြေးလမ်းပေါ်က ပြိုင်ပွဲဝင်အသင်းဖြစ်လာပြီဆိုတာလည်းယုံကြည်နေပါတယ်။

နည်းပြဆိုးလ်ရှားက “ကျွန်တော်တို့ အခုရောက်နေတဲ့ နေရာအတွက် အရမ်းပျော်ရွှင်နေပါတယ်။ လိဂ်ပွဲတွေက အရမ်းကြပ်တည်းလာတယ်လို့ ထင်ပါတယ်။ ခင်ဗျား အနိုင်ယူတဲ့ အခါတိုင်း တစ်ဆင့်ပိုနီးစပ်သွားပါတယ်”လို့ ပြောသွားပါတယ်။

ပထမ ၁၀ ပွဲမှာ  အခွင့်အရေးတွေ ဆုံးရှုံးပြီး ချန်ပီယံလမ်းကြောင်းထဲ ပြန်ဝင်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် အခုရောက်နေတဲ့နေရာအတွက် ကျေနပ်ပါတယ်။ တကယ်လို့ ဒီညလိုမျိုး နိုင်ပွဲရခဲ့မယ်ဆိုရင် အပြောင်းအလဲ ကြီးကြီးမားမားတွေ ဖြစ်သွားနိုင်ပါတယ်။”

“ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ရပ်အပေါ် ပျော်ရွှင်ပါတယ်။ လွန်ခဲ့တဲ့ ၁၂လနဲ့ အခုဆို တော်တော် ပြောင်းလဲသွားပါတယ်။ ကျွန်တော်တို့အသင်း တိုးတက်နှုန်း ကြီးမားလာပါတယ်။ ကျစ်လစ်သထက် ကျစ်လစ်လာတယ်။ ပိုပြီးတော့လည်း သန်မာလာပါတယ်။”

“ကျွန်တော်တို့ အခုရလဒ်အပေါ် အရမ်းကြီး အပျော်လွန်နေလို့မရပါဘူး။ ဒါက နောက်ဆုံး ဖလားလုပွဲလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရမှတ်တွေကတော့ အရေးကြီးပါတယ်” လို့ ပြောသွားပါတယ်။

မန်ယူအသင်းဟာ လီဗာပူးနဲ့ ဇယားထိပ်မှာ ရမှတ်တူ ရပ်တည်နေပြီး လာမယ့် ၁၇ ရက်နေ့မှာ လီဗာပူးနဲ့ အဝေးကွင်းမှာ တွေ့ဆုံရမှာ ဖြစ်ပါတယ်။
Ref : dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*