ပွင့်လင်းတဲ့ဆွေးနွေးမှုတွေနဲ့ လမ်းညွှန်ချက်တွေ လုပ်ပေးဖို့ ပရီးမီးယားလိဂ်ကို အာတီတာ တောင်းဆို

ကိုဗစ် ၁၉ နဲ့ ပတ်သက်တဲ့ ပွဲရွှေ့တွေကို ပွဲကန်ဖြစ်/မကန်ဖြစ် အတွက် ကလပ်အသင်းတွေ စောင့်ရတာ အချိန်နီးကပ်လွန်းတာကြောင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကို လမ်းညွှန်ချက်အသစ်တွေ ထုတ်ဖို့ ပြောဆိုမှုတွေ ရှိလာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပရီးမီးယားလိဂ်အတွင်း ကိုဗစ်ပြန့်ပွားမှု ထိန်းချုပ်နိုင်ဖို့အတွက် ပွဲစဥ်တချို့တွေကို ရွှေ့ဆိုင်းခဲ့ရပြီး အဲဗာတန် – မန်စီးတီး နဲ့ စပါး – ဖူလ်ဟမ် ပွဲစဥ်တွေကို ပွဲကစားခါနီး လေးနာရီအလိုလောက်မှ ပွဲပျက်ဖြစ်သွားတာကြောင့် နည်းပြတွေအကြား စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။

မန်စီးတီးနဲ့ ဖူလ်ဟမ်အသင်းတွေမှာ အဖွဲ့အတွင်း Positive ဖြစ်တဲ့သူတွေ များပြားလာတာကြောင့် ပရီးမီးယားလိဂ်ဆီ ပွဲရွှေ့ခွင့်တောင်းတာတွေရှိခဲ့ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်အပေါ် အဲဗာတန်နဲ့ စပါးအသင်းတို့က ဒေါသထွက်ခဲ့ကြပါတယ်။

စပါးနည်းပြ မော်ရင်ညိုက လူမှုကွန်ရက်ပေါ်မှာ “ပွဲကစားဖို့ ၄ အနာရီအလိုထိ ကန်ဖြစ် မကန်ဖြစ်ဆိုတာ မသိရသေးဘူး။ ကမ္ဘာ့အကောင်းဆုံး လိဂ်ပါပဲ”လို့ ပရီးမီးယားလိဂ်အပေါ် ဝေဖန်မှုလုပ်သွားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက “ကျွန်တော်တို့ နောက်ထပ် ညှိနှိုင်းမှုတစ်ခုလိုပါတယ်။ ဘာလုပ်ရမယ်နဲ့ ဘာမလုပ်ရဘူးဆိုတဲ့ လမ်းညွှန်ချက်ရှင်းရှင်းနဲ့ အချိန်ဇယား လိုပါတယ်။”

“ကျွန်တော်တို့ ဒီထက်စောပြီး ပိုသိသင့်ပါတယ်။ အနည်းဆုံးတော့ ၃ ဘက်စလုံး ပွင့်ပွင့်လင်းလင်း ပြောဆိုရမှာပါ။ ၂ သင်းစလုံးနဲ့ ပရီးမီးယားလိဂ်အဖွဲ့က ကစားပွဲတစ်ပွဲထဲ ပါဝင်ပတ်သက်ရပါတယ်။ ပြီးတော့ အဲ့အချိန်မှာ အသင့်တော်ဆုံး ဘာလုပ်ရမလဲဆိုတာ အချိန်တိုအတွင်း အတူဆွေးနွေးပြီး ဆုံးဖြတ်ရမှာပါ။”

“ကျွန်တော် အကောင်းဆုံးနည်းလမ်းကိုတော့ မသိပါဘူး။ သေချာတာကတော့ ဆရာဝန်တွေပဲ သိမှာပါ။ ထပ်ပြောချင်တဲ့ အရေးကြီးအချက်ကတော့ ကျွန်တော်တို့ ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေ လုပ်မယ်။ တကယ်လို့ တစ်ခုခုဖြစ်လာရင် ကျွန်တော်တို့ စောစောသိရပြီး ပြင်ဆင်နိုင်တာပေါ့”လို့ ပြောသွားပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*