အန်ဆယ်လော့တီနဲ့ ခီဒီယာတို့ အဲဗာတန်မှာ တစ်ခန်းပြန်ဆက်ကြမလား

ဂျူဗင်တပ်ကွင်းလယ်ကစားသမား ခီဒီယာဟာ အဲဗာတန်အသင်းဆီကို ပြောင်းရွေ့ဖို့ ကစားပြောဆိုမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျာမန်သားဟာ လာမယ့်နွေရာသီမှာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။

ခီဒီယာဟာ ပရီးမီးယားလိဂ်မှာ ကစားချင်နေပြီး သူ့ကို စိတ်ဝင်စားတဲ့အသင်းတချို့တွေထဲမှာ စပါးအသင်းလည်း ပါဝင်ပါတယ်။ ဒါပေမယ့် စပါးဟာ သူတို့အသင်းက ကစားသမားကို အရင်ရောင်းပြီးမှပဲ ခေါ်ယူစဥ်းစားမယ်လို့ သိရပါတယ်။

ဂျူဗင်တပ်နည်းပြသစ်ဖြစ်တဲ့ ဗီယာလို လက်အောက်မှာ ခီဒီယာတစ်ယောက် ပွဲထွက်ခွင့်တွေမရရှိခဲ့ပါဘူး။ အသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့အချိန်က ဇွန်လလောက်ကတည်းက ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားရယူဖူးတဲ့ ခီဒီယာဟာ ဒီရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် အသင်းနဲ့အတူ ပွဲထွက်ခွင့်တွေမရခဲ့ဘဲ ဂျူဗင်တပ်ကလည်း အသင်းရဲ့လုပ်ခလစာတွေကို သက်သာအောင် ရောင်းထုတ်ချင်နေပါတယ်။

အဲဗာတန်နည်းပြသစ်ဖြစ်တဲ့ အန်ဆယ်လော့တီနဲ့ ရီးရဲလ်မှာ ဆုံခဲ့ဖူးပြီး ခီဒီယာက “ကျွန်တော်နဲ့ အန်ဆယ်လော့တီ ဒီနှစ်ထဲ အဆက်အသွယ်ရှိပါတယ်။”လို့ပြောသွားပါတယ်။

အန်ဆယ်လော့တီက ခီဒီယာနဲ့ပတ်သက်ပြီး “ရီးရဲလ်မက်ဒရစ်မှာတုန်းက ဆာမီ ခီဒီယာဟာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ ကျွန်တော်သူနဲ့ပတ်သက်ပြီး ကောင်းတဲ့အမှတ်တရတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာသူ့ကို လိုတယ်လို့တော့ မထင်မိပါဘူး။”လို့ ပြောသွားပါတယ်။

အန်ဆယ်လော့တီက ထပ်ပြီး “ဇန်နဝါရီလောက် ဖြစ်ရင်ဖြစ်မှာပေါ့”လို့ ပြုံးရင်း ပြောသွားပါတယ်။

ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*