လူမျိုးရေးခွဲခြားတဲ့ စွဲချက်နဲ့ FAရဲ့အရေးယူမှုအပေါ် ကာဗာနီလက်ခံခဲ့ပြီး နောက်ထပ်ပြုလုပ်တော့မှာ မဟုတ်ဘူးလို့ ဖွင့်ဟခဲ့

မန်ယူအသင်းတိုက်စစ်မှူး ကာဗာနီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက သူ့အင်စတာဂရမ်အကောင့်မှာ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းကို ရေးသားခဲ့မိတဲ့အတွက် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ၃ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ပေါင် ၁သိန်း ပေးဆောင်ဖို့ အရေးယူခဲ့ပါတယ်။

ဒါကို ဥရုဂွေးဝါရင့်တိုက်စစ်မှူး ကာဗာနီ(၃၃နှစ်) က အယူခံဝင်ခဲ့ခြင်းမရှိဘဲ အသာတကြည်လက်ခံခဲ့ပြီး သူ့အနေနဲ့ နောင်ထပ်ဒီလိုအမှားမျိုးပြုလုပ်တော့မှာမဟုတ်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

 

ကာဗာနီက “အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့်အနေနဲ့ ဒီအခြေအနေကို အချိန်အကြာကြီး ဆွဲမထားချင်ပါဘူး။ ကျွန်တော်ပြောချင်တာက ဒီအရေးယူမှုကို လက်ခံပါတယ်။ အင်္ဂလိပ်ဘာဘာစကားကလည်း ကျွန်တော့်အတွက် မိခင်ဘာသာစကားမဟုတ်တော့ အခက်အခဲ ရှိနေပြန်တယ်။”

“ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ ပြောခဲ့တဲ့စကားက တခြားသူတွေကို လူမျိုးရေးခွဲခြားတဲ့ အဓိပ္ပါယ်သက်ရောက်ခဲ့ရင် တောင်းပန်ပါတယ်။ နောက်ထပ်ဒီလိုအမှားမျိုး လုံးဝမလုပ်တော့ပါဘူး။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ကျွန်တော့်ကိုအားပေးနှစ်သိမ့်ခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ သူ့အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

ကာဗာနီဟာ FAရဲ့ ၃ပွဲပယ်ပြစ်ဒဏ်ကြောင့် အက်စတွန်ဗီလာ(ပရီးမီးယားလိဂ်)၊ မန်စီးတီး(Carabao Cup)နဲ့ ဝက်ဖို့ဒ်(FA Cup) ပွဲစဉ်တို့ကို လွဲချော်တော့မှာဖြစ်ပါတယ်။

Ref: Goal. Com

Be the first to comment

Leave a Reply

Your email address will not be published.


*