စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ပေါင် သန်း၉၀ နဲ့ ခေါ်ယူဖို့ မန်စီးတီးအသင်း စီစဥ်နေ

မန်စီးတီးအသင်းဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ပေါင် သန်း ၉၀ နဲ့ ခေါ်ယူဖို့ စီစဥ်နေပါတယ်။

နည်းပြဂွါဒီယိုလာဟာ အသင်းတိုက်စစ်ပိုင်းမှာ ကာလကြာဒဏ်ရာရနေတဲ့ တိုက်စစ်မှူး အဂွဲရိုးနေရာကို အစားထိုးဖို့ အင်္ဂလန်နဲ့ စပါးအသင်းနည်းပြဖြစ်တဲ့ ဟယ်ရီကိန်းကိုခေါ်ယူလိုက်ဖို့ အကြိုက်တွေ့နေပါတယ်။

ကိန်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ကမ္ဘာ့ထိပ်တန်းတိုက်စစ်မှူးဖြစ်လာခဲ့ပြီး ပြိုင်ပွဲစုံ အနည်းဆုံး သွင်းဂိုး ၂၀နဲ့အထက်ကို ၆ ရာသီဆက် သွင်းယူထားနိုင်ခဲ့ပါတယ်။ အဲ့ကာလအတွင်း ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ၂ ကြိမ် ရခဲ့ပါတယ်။

ဒီရာသီ ကိန်းဟာ စပါးအသင်းမှာ ကိုရီးယားသား ဆွန်ဟောင်မင်နဲ့ အတူ အကောင်းဆုံးတွဲဖက်ညီညီနဲ့ ခြေစွမ်းပြ ဂိုးတွေသွင်းနေတာကြောင့် မန်စီးတီးအသင်းဆီကို ခေါ်ယူဖို့ ဂွါဒီယိုအတွက် အခက်အခဲဖြစ်နိုင်ပါတယ်။

အခုရာသီ စပါးနည်းပြ မော်ရင်ညိုလက်အောက်မှာ ကိန်းက ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ၉ ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ဖန်တီးထားတာဟာ ကိန်းရဲ့ စွမ်းရည်က ဂိုးသွင်းယူတာ တစ်ခုတည်းတင် မဟုတ်တော့ပါဘူး။

သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ထုတ်ပြနိုင်ပေမယ့်လည်း ကိန်းရဲ့ တောက်ပတဲ့ ကစားသမားဘဝမှာ အကြီးမားဆုံး လိုအပ်နေတာတစ်ခုက ဆုဖလားတွေပဲဖြစ်ပါတယ်။ ဂွါဒီယိုလာ ကိုင်တွယ်တဲ့ မန်စီးတီးလိုအသင်းကတော့ ဆုဖလားတွေနဲ့ ပိုနီးစပ်နေပါတယ်။

မန်စီးတီးအတွက် ဆုဖလားတွေရနိုင်အောင်စွမ်းဆောင်ပေးနိုင်တဲ့ အဓိကသော့ချက်ကတော့ အဂွဲရိုးပါပဲ။ အာဂျင်တီးနားသားဟာ မန်စီးတီးအတွက် ပွဲ ၃၇၈ ကစားထားပြီး ၂၅၆ ဂိုး သွင်းယူပေးထားပါတယ်။

အသက် ၃၂ နှစ်အရွယ်လည်းဖြစ်တဲ့ အဂွဲရိုးဟာ ကာလကြာ ဒဏ်ရာရနေပြီး သူအသင်းနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ သက်တမ်းက ဒီရာသီကုန်မှာ ပြည့်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မန်စီးတီးဟာ အသင်းအတွက် ရေရှည်အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်မယ့် ကိန်းကို ခေါ်ယူဖို့ နီးစပ်လာပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*