
မန်ယူအသင်းဟာ ဒီရာသီမှာ အသင်းအတွက် ၂ပွဲသာ ပါဝင်ကစားထားတဲ့ ကွင်းလယ်ကစားသမား ဂျက်စီလင်ဂတ်ကို တစ်နှစ်သက်တမ်းတိုးခဲ့ပါတယ်။
လင်ဂတ်ရဲ့လက်ရှိစာချုပ်ဟာ ဒီရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်ပါအချက်အရ တစ်နှစ် သက်တမ်းတိုးခွင့်ကို မန်ယူအသင်းက အတည်ပြုလိုက်တာဖြစ်ပါတယ်။
ဒီရာသီမှာ ကိုဗစ်လူနာတွေနဲ့ထိတွေ့ခဲ့မှု၊ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေမှုတို့ကြောင့် လင်ဂတ်ဟာ နည်းပြဆိုးလ်ရှားရဲ့ ကစားသမားစာရင်းမှာ အမြဲတမ်းလိုလို ချန်လှပ်ထားခြင်းခံခဲ့ရပါတယ်။
လင်ဂတ်ပွဲထွက်ခွင့်ရခဲ့တဲ့ ၂ပွဲကတော့ Carabao ဖလားပွဲစဉ်တွေဖြစ်တဲ့ လူတန်အသင်းကို ၃-၀ ဂိုးနဲ့အနိုင်ရတဲ့ ပွဲစဉ်နဲ့ ဘရိုက်တန် အသင်းကို ၃-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲစဉ်တို့ပါ။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လင်ဂတ်ဟာ လေ့ကျင့်ရေးကွင်းမှာ အရမ်းကြိုးစားတဲ့ ကစားသမားဖြစ်ပေမယ့် ကိုဗစ်လူနာတွေနဲ့ ထိတွေ့ခဲ့တာကြောင့် အသင်းနဲ့ ဝေးကွာနေခဲ့ရတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
မန်ယူအသင်းဟာ ၂၀၂၀ နှစ်ကုန်အပြီးမှာ ပရီးမီးယားလိဂ် အဆင့် ၂ နေရာအထိ စွမ်းဆောင်ထားနိုင်ပြီး ဇယားထိပ် လီဗာပူးအသင်းနဲ့ ၃ မှတ်သာ ကွာနေပါတယ်။
Ref:The Athletic
Leave a Reply