ပရီးမီးယားလိဂ်ကလပ် ဘန်လေအသင်းကို ပေါင်သန်း ၂၀၀နဲ့ ဝယ်ယူခဲ့တဲ့ ALK Capital လုပ်ငန်းစု

အမေရိကန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစု ALK Capital ဟာ ပရီးမီးယားလိဂ်ကလပ် ဘန်လေအသင်းကို ပေါင်သန်း ၂၀၀ တန်ကြေးရှိတဲ့ ရှယ်ယာ ၈၄ ရာခိုင်နှုန်းဝယ်ယူပြီး ပိုင်ရှင်သစ်အဖြစ် တရားဝင်ကြေညာခဲ့ပါတယ်။

ALK Capital လုပ်ငန်းစုဟာ ဘန်လေအသင်းရဲ့ မူလရှယ်ယာရှင်တွေဖြစ်တဲ့ မိုက်ဂါလစ်၊ ဂျွန်ဘာနာစကီဝစ်တို့ကို အသင်းဒါရိုက်တာတွေအဖြစ် ခန့်အပ်ခဲ့ပြီး ALK Capital ရဲ့အကြီးအကဲ ဖြစ်သူ အလန်ပက်စ်က အသင်းဥက္ကဌအဖြစ် တာဝန်ယူသွားမှာပါ။

အသင်းကိုရောင်းချခဲ့တာတဲ့ပတ်သက်ပြီး ဥက္ကဌဟောင်း မိုက်ဂါလစ်က “ဒီရင်းနှီးမြှုပ်နှံမှုဟာ ကလပ်တစ်ခုလုံးအတွက် ကိုယ်စားပြုပါတယ်။ အလန်ပက်စ်နဲ့သူ့အဖွဲ့ကို ဒီဒေသခံကလပ်အတွက် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဒီကလပ်ကို ကွင်းတွင်း၊ ကွင်းပြင် ရင်းနှီးမြှုပ်နှံမှုတွေ နှစ်ပေါင်းများစွာ ပြုလုပ်သွားမယ်လို့ ယုံကြည်ပါတယ်။ ဒီဝယ်ယူမှုဟာ သူတို့အတွက် ကာလရှည်စီမံကိန်းဖြစ်ပါတယ်” လို့ ဆိုခဲ့တယ်။

ဘန်လေအသင်းပိုင်ရှင်သစ်တွေဟာ နည်းပြရှောင်ဒိုက်အတွက် ဇန်နဝါရီနဲ့ လာမယ့်နွေရာသီ အပြောင်းအရွှေ့ ကာလတွေမှာ ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်တဲ့ ငွေကြေးထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ဘန်လေအသင်းဟာ လက်ရှိပရီးမီးယားလိဂ်မှာ ၁၅ပွဲကစားထားပြီး ရမှတ် ၁၆မှတ်နဲ့ အဆင့် ၁၆နေရာ ရပ်တည်နေပါတယ်။

Ref: Express

Be the first to comment

Leave a Reply

Your email address will not be published.


*