လီဗာပူးအသင်း ဇန်နဝါရီစျေးကွက်မှာ ဗဟိုခံစစ်ကစားသမားခေါ်ယူဖို့ ပီတာခရော့ချ် တိုက်တွန်း

လီဗာပူးအသင်းကို လာမယ့် အပြောင်းအရွှေ့စျေးကွက်မှာ ဗဟိုခံစစ်ကစားသမားခေါ်ယူဖို့ ပီတာခရော့ချ် တိုက်တွန်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ခံစစ်ကို လူငယ်ကစားသမားတွေနဲ့ အားကိုးလို့ မရတော့တာကြောင့်လို့ ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ သူတို့ရဲ့ ပထမဦးစားပေး ဗဟိုခံစစ်ကစားမားတွေဖြစ်ကြတဲ့ ဗန်ဒိုက်နဲ့ ဂိုမက်ဇ်တို့ ရာသီအစောပိုင်းမှာ ဒူးဒဏ်ရာရနေပြီး အခုလည်း ခံစစ်ကစားသမား နောက်တစ်ယောက်ဖြစ်တဲ့ ဂျိုးမာတစ်ဟာ ပေါင်ခြံဒဏ်ရာရခဲ့တာကြောင့် နောက်ထပ် ၃ ပတ် အနားယူရမယ်လို့ ကလော့ပ်က အတည်ပြုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ လစ်လပ်နေတဲ့ ခံစစ်ဗဟိုနေရာအတွက် ရွိုင်းဝီလီယံ (၁၉နှစ်)နဲ့ နက်ဖီးလ်လစ် (၂၃နှစ်) တို့ တာဝန်ယူနိုင်တဲ့ ခြေစွမ်းရှိနေတာကြောင့် လာမယ့်အပြောင်းအရွှေ့မှာ အငှားခေါ်ယူသွားမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

နယူးကာဆယ်နဲ့ ဂိုးမရှိသရေကျတဲ့ပွဲစဥ်အပြီးမှာတော့ ပီတာခရော့ချ်ဟာ ခံစစ်နေရာအတွက် လူငယ်လေးတွေကို အားကိုးနေလို့မရဘူးလို့ဆိုခဲ့ပြီး ကွင်းလယ်ကစားသမားအတွက်လည်း ထောက်ခံမှုလုပ်ပေးခဲ့ပါတယ်။

“ဇန်နဝါရီမှာ ဗဟိုခံစစ်ကို ခေါ်ယူတာက အသင်းအတွက် အဓိကသော့ချက်ပါပဲ။”ခရာ့ချ်က ပြောခဲ့ပါတယ်။

“သူတို့လည်း ဒီအတွက်လုပ်နေကြမယ်လို့ ကျွန်တော်ထင်တယ်။ သူတို့ လူငယ်လေးနဲ့ ခံစစ်ဆင်းကစားနေတဲ့ ကွင်းလယ်ကစားမားအပေါ် အားထားလို့မရပါဘူး”

လီဗာပူးအသင်းဟာ ဒဏ်ရာရကစားသမားတွေနဲ့ ရုန်းကန်နေရပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ သီယာဂိုကို လူစားလဲကစားသမားအနေနဲ့ နယူးကာဆယ်ပွဲစဥ်မှာ ကစားစေခဲ့ပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*