
အာဆင်နယ် နောက်ခံတောင်ပံကစားသမား ကိုလာဆီနက်ကို ဂျာမန်ကလပ် ရှော်လ်ကေးအသင်းဆီ အငှားချဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုလာဆီနက်ဟာ ဒီနှစ်နွေရာသီတုန်းက လေဗာကူဆင်ကို မပြောင်းရွှေ့ခဲ့ဘဲ ၂၀၁၇ အာဆင်နယ်ကို မရောက်ခင်က သူကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကေးအသင်းဆီကိုပဲ ပြန်ရောက်သွားဖို့ နီးစပ်နေပါတယ်။
ရှော်လ်ကေးအသင်းဟာ မန်ယူကစားသမား ဘရန်ဒမ် ဝီလီယံကို စိတ်ဝင်စားတဲ့ ကလပ်တွေထဲက တစ်သင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရှော်လ်ကေးက အာဆင်နယ်မှာ ခြေစွမ်းပြလာတဲ့ တီယာနေးကြောင့် အခွင့်အရေး သိပ်မရှိတော့တဲ့ ကိုလာဆီနက်ကိုပဲ ခေါ်ယူဖို့ သေချာနေပါတယ်။
ရှော်လ်ကေးကနေ အလွှတ်ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်ကို ရောက်လာတဲ့ ကိုလာဆီနက်ဟာ ၇၈ ပွဲကစားပေးထားပြီး ၂ ဂိုးသွင်းယူပေးထားပါတယ်။
ကိုလာဆီနက်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၁၈ လကျန်နေပြီး လာမယ့် နွေရာသီစျေးကွက်မှာ ပြောင်းရွေ့ကြေးနဲ့ ရောင်းထုတ်ချင်နေပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွေ့မှာ အိုဇေးလ်၊ ဆိုခရက်တစ်၊ မူစတာဖီနဲ့ ဒေးဗစ်လူးဝစ်ဇ်တို့နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
အာဆင်နယ်ကို မပြောင်းရွေ့ခင် ကိုလာဆီနက်ဟာ ရှော်လ်ကေးအသင်း ဘွန်ဒက်စ်လီဂါရဲ့ တစ်ရာသီ အကောင်းဆုံးအသင်းဖြစ်တုန်းက အသင်းထဲမှာပါဝင်ခဲ့ပြီး သူ့ကို အရင်တုန်းက ခြေစွမ်းအတိုင်း ပြန်ရဖို့ ရှော်လ်ကေးအသင်းက မျှော်လင့်နေပါတယ်။
ရှော်လ်ကေးအသင်းဟာ ဒီရာသီ ရလဒ်ဆိုးရွားခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါ ဇယားအောက်ဆုံးမှာ ရောက်ရှိနေပါတယ်။
Ref: dailymail
Leave a Reply