အကောင်းဆုံပုံစံပြန်ရဖို့ ဟက်ဇက်အတွက် အချိန်လိုအပ်ကြောင်း ဇီဒန်း ပြောကြား

ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းက အီဒင်ဟာဇက်က သူ့ရဲ့အကောင်းဆုံးခြစွမ်းကို ပြန်ရဖို့အချိန်လိုအပ်တယ်လို့ ပြောသွားပါတယ်။ ကြာသပတေး မနက်မှာကစားခဲ့တဲ့ အယ်ချီနဲ့ ရီးရဲလ်ပွဲစဥ်မှာ လူစားလဲကစားသမားအနေနဲ့ ပွဲထွက်ခွင့်ရပါတယ်။

လာလီဂါချန်ပီယံ ရီးရဲလ်အသင်းအတွက် လူစားလဲကစားသမားအဖြစ် ပွဲချိန် ၇၇ မိနစ်မှာ ဝင်ရောက်ကစားခဲ့ပေမယ့် ရီးရဲလ်တို့ (၁-၁)ဂိုးနဲ့သာ ရာသီဝက်ပွဲစဥ်အဖြစ် ပြီးဆုံးသွားပါတယ်။ ဟာဇက်ဟာ ဒဏ်ရာရပြီးနောက်ပိုင်း ပထမဆုံး ပြန်လည်ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံသား ဟာဇက်ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဂရန်ဒါနာနဲ့ပွဲမှာ ပါဝင်ခွင့်မရခဲ့ဘဲ အယ်ချီနဲ့ပွဲစဥ်မှာတော့ ၁၃ မိနစ်ကစားခဲ့ရပြီး ရီးရဲလ်အတွက် အခွင့်အရေးတစ်ခုကို အသုံးမချနိုင်ခဲ့ပါဘူး။

“ဟာဇက်အတွက် အချိန်လိုအပ်ပါတယ်။ ပွဲကစားချိန်နဲ့ ဖြည်းဖြည်းချင်းပေါ့။ ဒါပေမယ့် ကစားသမား ၁၁ ယောက်စာရင်းထဲမှာတော့ ပြန်ပါလာမှာ သေချာပါတယ်။”လို့ ဇီဒန်းက ပြောသွားပါတယ်။

“ကျွန်တော်တို့ ပထမပိုင်းမှာ နောက်ထပ် ဒုတိယဂိုးသွင်းယူနိုင်ခဲ့ရမှာပါ။ ကျွန်တော်တို့ ပထမပိုင်းမှာ ကစားပုံတော်တော်ကောင်းခဲ့ပြီး ဒုတိယပိုင်းမှာတော့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ဆက် ဒီလိုမှန်မှန်နဲ့ ပြင်းပြင်းထန်ထန် ဆက်ကြိုးစားသွားရပါမယ်။ ဘာလို့လဲဆိုတော့ လာလီဂါပွဲစဥ်တွေ ကစားဖို့ အများကြီးကျန်သေးပါတယ်။”လို့ပြောသွားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ မြို့ခံပြိုင်ဘက် ဇယားထိပ်ကတီကိုနဲ့ ၂ မှတ်ကွာဟနေပြီး တီကိုဟာ လိဂ်နောက်ဆုံး နိုင်ပွဲ ၅ ပွဲဆက်နဲ့ ၂ ပွဲလျော့ကစားထားပါတယ်။

Ref: allfootball

Be the first to comment

Leave a Reply

Your email address will not be published.


*