၂၀၂၀ နှစ်ရဲ့ နောက်ဆုံးပွဲစဥ်မှာ သရေကျခဲ့ပေမယ့်လည်း ပျော်ရွှင်ပါတယ်လို့ဆိုတဲ့ ဂျာဂင်ကလော့ပ်

၂၀၂၀ ခုနှစ်ဟာ လီဗာပူးအသင်းအတွက် နှစ်ရှည်စောင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့နှစ် ဖြစ်ပေမယ့်လည်း ဂျာဂင်ကလော့ပ်ကတော့ ၂၀၂၀ ခုနှစ်နောက်ပိုင်း လာမယ့်ရှေ့ရေးကိုပဲ စိတ်ဝင်စားနေတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်အပိတ်ပွဲစဥ်ကိုတော့ လီဗာပူးတို့ နယူးကာဆယ်နဲ့ ဂိုးမရှိသရေရလဒ်ရရှိပြီး ဇယားထိပ်မှာ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကလော့ပ်က လိဂ်ဇယားရပ်တည်ချက်နဲ့ ပတ်သက်ပြီး “ဘာမှ အရေးမပါပါဘူး” လို့ပြောသွားပြီး အဲ့ဒါကလည်း သူနောက်ဆုံး စဥ်းစားတဲ့ နောက်ဆုံးအရာဖြစ်တယ်လို့ ဆိုပါတယ်။

“၂၀၂၀ ပြီးဆုံးခါနီး ရိုးရိုးသားသားပြောရရင် ကျွန်တော်တကယ် ပျော်ရွှင်ပါတယ်။ ချန်ပီယံဖြစ်ခဲ့တာကလွဲလို့ ဒီတစ်နှစ်ဟာ ကျွန်တော်အနာဂတ်မှာ များများစားစား တွေးမိမှာမဟုတ်ပါဘူး” လို့ ဂျာဂင်ကလော့ပ်က ပြောသွားပါတယ်။

“ကျွန်တော်အခု ၅၃ နှစ်ရှိပါပြီ။ ပြီးခဲ့တဲ့ နှစ် ၃၀ ကျော်လုံးလုံး နှစ်သစ်ကူးမှာ ကျွန်တော့်မိသားစုအတွက် ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့ပဲ ဆုတောင်းဖြစ်ခဲ့ပါတယ်”

“ပြဿနာတွေအားလုံး ကျွန်တော်တို့ တူတူဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၀ မှာ ကျွန်တော်တို့အားလုံးအတွက် အတွေ့အကြုံသစ်ကတော့ ချန်ပီယံဖြစ်ခဲ့တာပါပဲ။ ပြီးတော့ ကျန်တဲ့အရာတွေ အားလုံးက စိန်ခေါ်မှုကြီးတွေပါပဲ” လို့ပြောသွားပါတယ်။

လီဗာပူးတို့အတွက် ထူးခြားတဲ့ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးကစားပွဲမှာ အခွင့်အရေးတွေနဲ့ အပိုင်ဂိုးသွင်းခွင့်တွေက တောင့်တင်းတဲ့ နယူးကာဆယ်နောက်တန်းတို့ကြောင့် ဖြုန်းတီးသလိုဖြစ်ခဲ့ရပါတယ်။

နယူးကာဆယ် ဂိုးသမား ကားလ်ဒါလိုးက လက်စွမ်းပြကာကွယ်နိုင်ခဲ့ပြီး သရေကျခဲ့တာကြောင့် လီဗာပူးတို့ အမှတ်ခွဲယူခဲ့ရပါတယ်။ အနိုင်မရခဲ့တာကြောင့် ဒုတိယနေရာမှာ တစ်ပွဲအသာနဲ့ မန်ယူကို ၃ မှတ်ပဲ ဖြတ်နိုင်ခဲ့ပါတယ်။

Ref: dailymail

Be the first to comment

Leave a Reply

Your email address will not be published.


*