ဒူးဒဏ်ရာခွဲစိတ်ရမယ့် ကော်တင်ညိုကြောင့် ပေါင် ၁၈သန်းရဖို့ မျှော်လင့်ချက်ဝေးသွားတဲ့ လီဗာပူးလ်

ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမား ကော်တင်ညိုရဲ့ အီဘာအသင်းနဲ့ပွဲက ရရှိတဲ့ဒူးဒဏ်ရာကို လာမယ့်ရက်ပိုင်းအတွင်း ခွဲစိတ်မှုပြု လုပ်သွားမယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။

အသက် ၂၈နှစ်ရှိပြီဖြစ်တဲ့ ကော်တင်ညိုဟာ ဘာစီလိုနာ (၁-၁) အီဘာပွဲစဉ်မှာ ဒုတိယပိုင်း ရောက်မှ လူစားဝင်ကစားခဲ့တာဖြစ်ပြီး ဘယ်ဘက်ဒူးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ ကော်တင်ညိုအနေနဲ့ ဒဏ်ရာကိုခွဲစိတ်ရမှာဖြစ် လို့ ၄လခန့် အနားယူရဖွယ်ရှိနေပါတယ်။

ဒါဟာ ရလဒ်ဆိုးရွားနေတဲ့ ဘာစီလိုနာအသင်းအတွက် ထိုးနှက်ဖြစ်သလို သူ့ရဲ့အသင်းဟောင်း လီဗာပူးလ်အတွက်လည်း ငွေရေးကြေးရေးအရ ထိုးနှက်ချက်ဖြစ်လာပါတယ်။ လီဗာပူးလ်အသင်းဟာ ကော်တင်ညိုကို ၂၀၁၈ ခုနှစ်က ဘာစီလိုနာဆီ ပေါင်သန်း ၁၃၀တန်စာချုပ်နဲ့ရောင်းချခဲ့ရာမှာ ပြိုင်ပွဲစုံ(ခြေစမ်းပွဲမပါ) ပွဲ ၁၀၀ ပြည့်ခဲ့ရင် ပေါင် ၁၈ သန်းပေးရ မယ်ဆိုတဲ့အချက် ပါဝင်နေပါတယ်။

အီဘာနဲ့ပွဲမှာ လူစားဝင်ခဲ့တဲ့ ကော်တင်ညိုဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၉၀ ပြည့် မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် ကာလရှည်အနားယူရတော့မှာဖြစ်လို့ လီဗာပူးလ်အနေနဲ့ ဒီရာသီမှာ တော့ရဖို့မဖြစ်နိုင်တော့ပါဘူး။

ကော်တင်ညိုဟာ ၂၀၂၃ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာကြောင့် လာမယ့်နှစ်တွေမှာ သူအသင်းမှာ ဆက်ရှိနေမယ်ဆိုရင် လီဗာပူးလ်တို့ မျှော်နိုင်ပါသေးတယ်။ ဘာစီလိုနာအသင်းအနေနဲ့ ဒီအခြေအနေကိုရှောင်လွဲချင်တယ်ဆိုရင်တော့ လာမယ့်ဇန်နဝါ ရီမှာ သူ့ကိုခေါ်ယူဖို့ ပေါင် ၄၅သန်းဝန်းကျင်နဲ့ကမ်းလှမ်းနေတာတွေကို လက်ခံဖို့ပဲ ရှိပါတယ်။

Ref: Daily Mail

Be the first to comment

Leave a Reply

Your email address will not be published.


*