
အာဆင်နယ်အသင်း ရလဒ်ကောင်းတွေ ပြန်လည်ကောင်းလာပေမယ့် သူ့ရဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ အစီအစဥ်ကို ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ အာတီက ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ ရလဒ်ဆိုးတွေကပြန်လည်ရုန်းထွက်လာနိုင်ပြီး နိုင်ပွဲဆက်ပျောက်ဆုံးမှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မနက်က ကစားခဲ့တဲ့ အဝေးကွင်ပွဲစဥ် ဘရိုက်တန်နဲ့ပွဲမှာ (၀-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အဲ့ဒီပွဲစဥ်မှာ လူစားထိုးဝင်လာတဲ့ လာကာဇက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ပရီးယားလိဂ်ရဲ့ ခရစ္စမတ်ပွဲကြပ်ကာလမှာ အနိုင် ၂ ပွဲစွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
အာတီတာဟာ ကွင်းလယ်ဖန်တီးရှင်ကို အလိုရှိနေပြီး သောကြာနေ့မှာ ဖွင့်လစ်မယ့် စျေးကွက်မှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား အစ္စကို တစ်ယောက်လည်း ထည့်သွင်းစဥ်းစားထားပါတယ်။
အာတီတာက “အသင်းရဲ့ နောက်ဆုံးရလဒ်အတွက်နဲ့ လာမယ့်အပြောင်းအရွေ့စျေးကွက်ပေါ်ချဥ်းကပ်တာကို သက်ရောက်မှာမဟုတ်ပါဘူး။”
“ဒီကာလက အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ ခက်ခဲတဲ့ ရက်သတ္တပတ်ကို ဖြတ်သန်းခဲ့ရတယ်။ အသင်း စွမ်းဆောင်ရည်နဲ့ သိပ်မဆိုင်ပါဘူး။ ဒါပေမယ့် ခင်ဗျားဒီလို ရလဒ်တွေကိုတော့ လိုအပ်တယ်။ အဲ့ဒါကနေ ယုံကြည်မှု ပြန်တည်ဆောက်ရတယ်”လို့ ပြောသွားပါတယ်။
အာဆင်နယ်အသင်းအတွက် လူစားထိုးဝင်ရောက်လာတဲ့ လာကာဇက်ဟာ ကွင်းထဲရောက်ပီး ၂၁ စက္ကန့်အတွင်း ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့တဲ့အပေါ် “ဒါက မန်နေဂျာတိုင်းအတွက် အိပ်မက်ပဲ။ အရံခုံတန်းကနေ ခေါ်ထုတ်လိုက်တယ်။ ပြီးတော့ ခင်ဗျားအတွက် နိုင်ပွဲစွမ်းဆောင်ပေးတာမျိုးပေါ့။”လို့ ပြောသွားပါတယ်။
Ref: dailymail
Leave a Reply