ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရတော့မယ့် ဂါရတ်ဘေးလ်

စပါးအသင်းတောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရတော့မယ်လို့ နည်းပြ မော်ရင်ညိုက အတည်ပြုပြောဆိုခဲ့ပါတယ်။

ဝေးလ်စ်လက်ရွေးစင်ကစားသမား ဂါရတ်ဘေးလ်ဟာ စတုတ်စီးတီးအသင်းနဲ့ ကစားခဲ့တဲ့ Carabao ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ခြေသလုံး ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

မော်ရင်ညိုက ” သူ(ဂါရတ်ဘေးလ်) ကစားနိုင်ဖို့ ကျွန်တော် မမျှော်လင့်ထားပါဘူး။ မော်ရာနဲ့ ဗင်နီစီးယပ်စ်ကလည်း ဖူလ်ဟမ်နဲ့ပွဲမှာ ပါဝင်နိုင်မလားဆိုတာ မသေချာသေးပါဘူး။ ဘေးလ်ရဲ့ဒဏ်ရာက မပြင်းထန်ဘူးလို့ ဆိုနိုင်ပေမယ့် ရက်သတ္တပတ်အနည်းငယ်တော့ အနားယူရမှာပါ” လို့ ဆိုခဲ့တယ်။

စပါးအသင်းဟာ အခုလို တိုက်စစ်ပိုင်းမှာ ဒဏ်ရာရကစားသမားများပြားနေတဲ့အတွက် မော်ရင်ညိုအနေနဲ့ ပြီးခဲ့တဲ့အပတ်က ဝုလ်ဗ်အသင်းနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ အန်ဒွန်ဘီလီကို တိုက်စစ်ပိုင်းအတွက် အသုံးပြုဖွယ် ရှိနေပါတယ်။

ဒီနေ့ညမှာ စပါးအသင်းဟာ ဖူလ်ဟမ်ကို အိမ်ကွင်းမှာလက်ခံရင်ဆိုင်ရမှာဖြစ်ပြီး လိဂ်နောက်ဆုံး ၄ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကိုလည်း ရပ်တန့်ဖို့ လိုအပ်နေပါတယ်။

မော်ရင်ဟိုကတော့ ဖူလ်ဟမ်နဲ့ပွဲဟာ ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာလိမ့်မယ်လို့ အသင်းသားတွေကို သတိပေးစကားပြောကြားခဲ့ပြီး တခြားအသင်းတွေနဲ့ မတူညီတဲ့ကစားဟန်ရှိတဲ့ အသင်းလို့လည်း သုံးသပ်ခဲ့ပါတယ်။

Ref:Sharopshirestar

Be the first to comment

Leave a Reply

Your email address will not be published.


*